Unicode
တက္ကသိုလ်စျေးပွဲတော်အတွက် ပြင်ဆင်နေကြတဲ့
ကျောင်းသားတွေထဲမှာ ဂျီမင်တို့လဲ အပါအဝင်ပင်။အတန်းတက်တဲ့သူတွေများလဲရှိသလို ဂျီမင်တို့ကတော့ "စာဆိုတာ ပကာသန၊ လူငယ်ဘဝ ကျောင်းသားဘဝ အတွက် အမှတ်တရတွေဖန်တီး
ဖို့သာ အရေးကြီးတယ်" ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့ဘာသာ သူတို့ဖန်တီးပြီး တက္ကသိုလ်စျေးပွဲတော်မှာ
အားတက်တရောပါဝင်နေကြပါရော..။အခုလဲ ဂျီမင်ရဲ့ မေဂျာဌာနရဲ့ ဖျော်ဖြေပွဲကို ဘာမှမဆိုင်တဲ့ထယ်ယောင်းတို့က အားတက်တရောနဲ့
ဝင်ကူညီနေကြပြီး ဂျီမင်ကတော့ ကိုယ့်မေဂျာကိုယ်မသွားပဲလာရှုပ်နေတဲ့ အရှုပ်အထုတ်တွေကိုသာ
စိတ်ပျက်သလိုကြည့်နေတော့တယ်။"ငါတို့မေဂျာက ဦးနှောက်တွေ တကယ်သုံးလို့မရဘူးပဲ အိုင်ဒီယာ ဆန်းဆန်းလေးတွေလဲ မတွေးတတ်ကြဘူး"
ယူအင်ရဲ့စကားကြောင့် မွန်ယောင်းကပါ ထောက်ခံသလိုနဲ့ ခေါင်းညိမ့်ပြသည်။
"အဲ့တော့ နင့်မှာရော အိုင်ဒီယာ ဆန်းဆန်းလေး မရှိဘူးလား"
"မရှိဘူးလေ "
မင်ဟိုရဲ့အမေးကြောင့် ယူအင် သွားဖြဲသားနဲ့ဖြေလိုက်တော့ ထယ်ယောင်းနဲ့ မင်ဟို က မဲ့ရွဲ့ပြပြီး ဂျီမင်က စာတန်းတွေကို စီနေရင်း ရီနေတော့သည်။
"နင်တို့တွေ ကိုယ့်မေဂျာက ပွဲအတွက် သွားမကူကြဘူးလား"
ဂျီမင်ရဲ့အမေးကြောင့် ကျန်တဲ့သူတွေက တိုင်ပင်ထားစရာမလိုအောင် ခေါင်းပြိုင်တူ ညိမ့်ကြသည်။
"မသွားချင်ပါဘူးဟာ ငါတို့မေဂျာကပွဲတွေက တက္ကသိုလ်တိုင်းမှာ ကျင်းပတဲ့ပွဲတွေနဲ့ အတူတူလောက်ပဲ ပျင်းစရာကြီး"
"ဟုတ်တယ် ဟုတ်တယ် ငါတို့က နင့်မေဂျာက ပွဲကိုပဲ စိတ်ဝင်စားတာ အဲ့နေ့ကျရင် ငါပါဝင်ပြီးနာမည်စာရင်းပေးဦးမှာ ဟိ ဟိ "
မွန်ယောင်းရဲ့အပြောကို ယူအင်ကထောက်ခံသလို
ပြောလိုက်ပြီး သူမ စာရင်းပေးမယ်လို့ပြောလိုက်တော့ အားလုံးက သူမကိုမနိုင်တော့ဘူးဆိုတဲ့
ပုံစံဖြင့်သာ ခေါင်းခါကြသည်။