Tear

1.1K 173 19
                                    

Unicode

#ဘုရင်မင်ယွန်းဂီ လက်ထက်

"ညီလာခံပိတ်သိမ်းပြီ"

"မင်းကြီး သက်တော်ရှည်ပါစေ

မင်းကြီးသက်တော်ရှည်ပါစေ

မင်းကြီး သက်တော်ရှည်ပါစေ "

ဘုရင့်ထံမှထွက်လာတဲ့ စကားသံကြောင့် မှုးမတ်
များအပေါင်းနဲ့ ညီလာခံပွဲအတွင်းရှိလူအများ
ကြမ်းပြင်ပေါ် ခေါင်းနဲ့ထိလုစွာ ဒူးထောက်ကြပြီး
ဘုရင် မင်ယွန်းဂီ အား တောင်းဆုပြုကာ အရိုအသေ ပြုကြတော့သည်။

ညီလာခံပလ္လင်ပေါ်မှ မည်သူမျှ မကြည့်ကာ
မိမိသွားရာလမ်းကိုသာ ဖြောင့်တန်းစွာလျှောက်
သွားသော မင်းကြီးအား မည်သူမျှ မော်မကြည့်
ရဲပေ။

ကိုယ်ရံတော်ဖြစ်တလဲ စစ်သူကြီးဖြစ်သလဲ
ဂျောင်ဟိုဆော့နဲ့ မင်းကြီးရဲ့ အထိန်းတော်ချုပ်
ကြီး မန်ဂွမ် တို့မှာ မင်းကြီးအနောက်မှထပ်ကြပ်
မကွာ လိုက်ပါလျက်ပင်။


လဘ္ဘက်ရည်ကြမ်းသောက်တုန်းနေတုန်း
အထိန်းတော်ချုပ် မန် အိပ်ဆောင်အတွင်းဝင်
လာတာမို့ တစ်ခုခုလျောက်တင်ချင်မှန်းသိလိုက်
တာမို့ လဘ္ဘက်ရည်ကြမ်း ခွက်အားချလိုက်ပြီး အထိန်းတော်ချုပ် မန် ပြောလာမဲ့စကားကို နားစွံထားလိုက်သည်။

"မင်းကြီး တစ်လတစ်ကြိမ် အရှင့်ကျန်းမာရေး
ကို စစ်ဆေးနေကြမို့ ဒီနေ့လဲ ကျန်းမားရေးစစ်ဆေး
မို့ နန်းတွင်းသမားတော် အဆင့် တစ် အား ဒီနေ့
ခေါ်ထားပါတယ်။ "

သမားတော်. . .
သမားတော်ဆိုတာနဲ့ ဟိုတနေ့က တောထဲမှာ
တွေ့ဆုံခဲ့တဲ့ ကောင်ငယ်လေးကို သတိရမိ
သွားစေသည်။

"အထိန်းတော်ချုပ်ကြီး ကျွန်တော်မျိုး ဒီတစ်လ
သမားတော် အဆင့် သုံး နဲ့ ကျန်းမာရေး စစ်ဆေး
ချင်တယ် စီမံပေးပါဦး "

စကားတို့အား သြဇာသံငြိမ့်ငြောင်းစွာဖြင့်
ပြောပြီး လဘ္ဘက်ရည်ကြမ်းတို့အား ဆက်လက်
သုံးဆောင်နေလိုက်သည်။

"အမိန့်တော် တိုင်းပါ အရှင် "

အထိန်းတော်ချုပ် မန်လဲ မင်းကြီးစကား
ကြောင့် အနည်းငယ် အံ့သြမှုဖြစ်သွားပေ
မဲ့လဲ့ အမိန့်ကိုနာခံစွာပင် ခေါင်းငုတ်လိုက်
ပြီး နောက်ပြန်ဖြေးဖြေးချင်းလျောက်ကာ
အိပ်ဆောင်အတွင်းမှ ထွက်သွားတော့သည်။


EGOISTISWhere stories live. Discover now