Zawgyi#ဘုရင်မင်ယွန်းဂီလက်ထက်
ဂျီမင် တောထဲကနေ လိုအပ်သော
ဆေးမြစ်များကိုရှာပြီး နန်းတော်ထဲပြန်မဲ့
အချိန် ခါးထဲက ချိတ်ထားသော အမှတ်အသား ကဒ်ပြားကို စမ်းကြည့်လိုက်
တော့ မရှိ။"ဟင် ဘယ်ရောက်သွားတာတုန်း"
အောက်များကျသွားလာရှာနေရင်း
"အာ..ဝက်သစ်ချသီးပင်အောက်မှာ
နေမယ်"ခုနကသွားခဲ့သော ဝက်သစ်ချသီးပင်
ကိုသွားကြည့်တော့ ထင်တဲ့အတိုင်းပင်။
အပင်ပေါ်တက်တုန်း ခါးမှ ပြုတ်ကျမှာ
စိုးတာကြောင့် ခဏအောက်ချထားတာ
ပြန်လာတော့မေ့သွားခြင်းဖြစ်၏။အားလုံးစုံပြီးမို့ ပြန်မယ်ပြင်တော့
ကြားလိုက်ရသော မြင်းခွာသံကြောင့်
ရင်ထိတ်ခနဲ..။နန်းတော်ကရဲမက်တွေဆို
ကိစ္စမရှိပေမဲ့သူပုန်တွေရန်ကိုတော့
ကြောက်ရသည်..။မြင်းခွာသံနီးလာတာနဲ့အမျှ ဂျီမင်
နီးစပ်ရာ ဝက်သစ်ချပင်ပေါ်တက်ကာ
သစ်ကိုင်းနဲ့အရွက်တွေကြားဝင်ပုန်း
နေလိုက်သည်။မြင်းခွာသံ တဖြေးဖြေးနီးလာတာနဲ့
ဂျီမင် တက်နိုင်သမျှခန္ဓာကိုယ်ကိုကျုံ့ကာ
ရှိသမျှနတ်ဘုရားတို့အား တ နေမိသည်။နောက်တော့ သူပုန်းတဲ့အပင်အောက်
ကိုရောက်လာတဲ့ လူတစ်ယောက်။
ကောက်ရိုးမျှင်ဦးထုပ်အားဆောင်းထားပြီး
အသားရောင်ချည်အဝတ်နဲ့အမဲရောင်
ချည်ဘောင်းဘီအပွအားဝတ်ဆင်ထား၏။
မြင်းကိုလဲဖြေးဖြေးချင်းစီးနှင်းနေသည်..။ဂျီမင် ချောင်းကြည့်လိုက်ပြီးလူကိုမမြင်ရတာမို့ မြင်းကိုကြည့်လိုက်တော့
နန်းတော်ထဲက ဘုရင့်တော်ဝင်မြင်းနဲ့
တူလှသည်။ နောက်တော့ မြင်းကုန်းနှီး
ကိုကြည့်လိုက်တော့ နန်းတော်ထဲက
အမှတ်တံဆိပ်ကြီးနဲ့။ ဒါက ဘုရင်ပိုင်တဲ့
မြင်းမှာပဲရှိတဲ့ တံဆိပ်..။"ဘုရင့်တော်ဝင်မြင်း!.."
အံ့သြစွာ ရုတ်တရပ်အော်ပြောလိုက်သည်မို့
အသံကျယ်မိသွားသည်။ သူ့အသံကို
ကြားလို့လားမသိ ထိုလူဟာ အနောက်
သို့ လှမ်းကြည့်၏။