Zawgyiအခုသင်နေသော စာသည် နံရံပေါ်က
နာရီလက်တံရွေ့နေမှုလောက်တောင်စိတ်ဝင်စားဖို့မကောင်း...။တစ်ချက်တစ်ချက်ရွေ့လျားသွားလျှင်
စာသင်ချိန်ပြီးဆုံးဖို့အချိန်နီးကပ်နေပြီဟု
သတိပေးနေသယောင်...။တက္ကသိုလ်မို့ စာလိုက်မလုပ်လဲဆူမဲ့သူ
မရှိပါ။ ဆရာကသာအရှေ့မှာစာတွေရှင်း
ပြနေပေမဲ့လဲ ဖုန်းသုံးသူကသုံး
စကားများသူကများ အိပ်နေသူကအိပ်နေ
အလုပ်ကိုယ်စီဖြင့်သာ...။သူကရော ...
စာကိုစိတ်ဝင်စားပေမဲ့ ဒီဘာသာရပ်မပါ..။
ကျန်တဲ့စာသင်ချိန်ဆို လိုက်နားထောင်ပေ
မဲ့ ပထဝီ အတန်းကိုတက်ရမှာ
အလွန့်အလွန်ပျင်းပါသည်။ဒါကြောင့် စာထက်စိတ်ဝင်စားဖို့ကောင်းတဲ့
နာရီကိုကြည့်ခြင်းက ပိုပြီးအဓိပ္ပါယ်ရှိမည်
ထင်တာကြောင့် နာရီကိုပဲထိုင်နေကြည့်
လိုက်သည်....။ကန်တင်းထဲကိုဝင်လိုက်တော့
Lego squad တို့ကရောက်နှင့်နေကြပြီ..။
ထမင်းပန်းကန်ယူပြီး သူတို့ဝိုင်းကို
သွားပြီး ဝင်ထိုင်လိုက်သည်။"ဂျီမင် ဘယ်လိုလဲ"
ထယ်ယောင်း အမေးကြောင့် ပခုံးသာ
တွန့်ပြပြီ"ပထဝီ ကို minor အဖြစ်ယူမိလို့
နောင်တရနေပြီ "ဒါ ဂျီမင် ပထဝီ စာသင်ချိန်ပြီးတိုင်း
ပြောနကျစကားပင်ထယ်ယောင်း ကတော့ကြားနေကျစကား
ဖို့ ရီနေလိုက်သည်။ ကျန်တဲ့လူတွေလဲ
စားနေရင်းသူ့စကားကြောင့် ရီပြုံးပြုံး
ဖြင့်သာ..."omoo မင်ယွန်းဂီ လာပြီ"
သူ့တို့အဖွဲ့ထဲက ယူအင် က ကန်တင်းအပြင်
ဖက်ကိုကြည့်လိုက်ပြီအော်လိုက်တာ
ကြောင့် ကြည့်လိုက်တော့ မင်ယွန်းဂီ
ဆိုတဲ့လူနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဂျီမင် လဲ ကိုယ့်အလုပ်မဟုတ်တာကြောင့်
ခေါင်းငုံ့ပြီး အစားသာစားနေလိုက်သည်။"ငါသူ့ကိုကြိုက်တယ် သိလား"
ယူအင် ရဲ့စကားကြောင့် သူတို့
တွေခေါင်းထောင်လာပြီ