Red String (1)

725 144 20
                                    

Unicode

ဆောင်းဦးရောက်လာပြီဖြစ်တာကြောင့် တောင်ကိုရီးယား ရာသီဥတုက အေးသထက်အေးလာပြီလေ။ ညနေဆောင်းတိုက်တဲ့လေအေးက အပေါ်ကထပ်ဝတ်ထားတဲ့ အနွေးထည်အထူကြီးနေ အတွင်းက hoodie ကနေတဆင့် အရိုးထဲထိ
စိမ့်အေးစေသည်။

ဂျီမင် အနွေးကိုသေချာစိလိုက်ပြီး နှာတရှုံရှုံဖြစ်နေပေမဲ့လဲ ဒီနေ့ညနေ ကျောင်းက အပြန် ဟန်မြစ်ကမ်းကိုသွားချင်နေတာမို့ ရောက်သွားတော့ ဟိုတလောက သူကို့ဆေးလိပ်တိုက်ခဲ့တဲ့ အကိုဟိုဆော့။

မြစ်ကိုငေးကြည့်နေတဲ့ အကိုဟိုဆော့နားကို
ခပ်သွက်သွက်လျောက်သွားလိုက်ပြီး နှုတ်ဆက်
လိုက်သည်။

"အကိုဟိုဆော့"

သူ့အသံကြောင့် လှည့်ကြည့်လာပြီ သူကိုမြင်တော့
အံ့သြသွားပုံ ။

"ဂျီမင် ကိုယ့်ကိုမှတ်မိတယ် "

သူအကိုဟိုဆော့ရဲ့ စကားကြောင့်မျက်လုံးတွေမှိတ်
ကျသွားတဲ့အထိရီလိုက်သည်။

" ဟား ဟား မှတ်မိတာပေါ့ ကျွန်တော်ကို
အထင်သေးတာလား"

"ဟာ မဟုတ်ပါဘူး အကိုက ဒီတိုင်း "

"ဟား ဟား ဟား အကိုဟိုဆော့ကလဲ ကျွန်
တော်က စတာပါ "

သူ့စကားကြောင့် ပြာယာခက်သွားတဲ့ အကိုဟို
ဆော့ကြောင့် အားရပါးရ ရီလိုက်ပြီပြောလိုက်
တော့ "အော် အဲ့လိုလား" ဆိုတဲ့ စကားအနဲ့အတူ
သူရဲ့လည်ဂုတ်ကိုပွတ်သက်နေသည်။

အကိုဟိုဆော့နဲ့ အခုမှနှစ်ခါပဲတွေ့ရသေးပေမဲ့
ဂျီမင်စိတ်ထဲမှာ အရင်ကခင်လာတဲ့လူတစ်ယောက်
လိုပင်ပေါ့ပါးနေတယ်။

" အကိုဟိုဆော့ဒီမှာ ဘာလုပ်နေတာလဲ"

အအေးဒဏ်ကြောင့် နှာခေါင်းတရှုံရှုံနဲ့မေး
လိုက်တော့ အကိုဟိုဆော့က သူလည်ပင်းမှာ
ဝတ်ထားတဲ့ မာဖလာကို ချွတ်ပြီး သူ့လည်ပင်း
ကိုပတ်ပေးသည်။

"အေးတယ်လေ ဂျီမင်ရဲ့ "

အကိုဟိုဆော့ရဲ့အပြုအမှုကြောင့် ဂျီမင် အေးနေရာမှာ ရုတ်တရပ်ပူတက်လာသလိုပင်။

" ရ ရပါတယ် အကိုဟိုဆော့ ပဲပတ်ထား "

" တိတ် လူကြီးကလုပ်နေတယ်လေ"

EGOISTISWhere stories live. Discover now