part 17

1.2K 90 3
                                    

မနက်ခင်းနေရောင်နှင့် ကျေးငှက်တို့ရဲ့အသံတွေက နဂါးနန်းဆောင်အပြင်ဘက်၌ သာယာဖွယ်ရှိသည်

မျက်နှာပေါ်၌ ယားစိစိ ပြေးလွှားနေတဲ့ အရာကြောင့် ရှောင်ကျန့်တစ်ယောက် ဆက်၍ပင်မအိပ်နိုင်တော့ဘဲ
ဖြေးညင်းစွာ မျက်လုံးဖွင့်လိုက်တော့

သူ့ကို နှစ်လိုဖွယ်သော အပြုံးတို့ဖြင့် ကြည့်၍သူ့ရဲ့ဆံနွယ်လေးတွေဖြင့် ရိပေါ်သည် ရှောင်ကျန့် ပါးပြင်ပေါ်ဆော့ကစားနေသည်

ရှောင်ကျန့်သည် ခလေးတစ်ယောက်ကဲ့သို့ အပြုံးနုနုလေးပြုံးပြပြီး မျက်လုံးထပ်မှိတ်ပြီး အိပ်ပြန်သည်

ကိုယ့်ရဲ့မိဖုရားလေးရေ ထတော့ ကိုယ်တော်ဒီနေ့ ညီလာခံ အတူတက်ချင်လို့စောင့်နေတာ
ဒီလိုဘဲ ထပ်အိပ်ရင် ကိုယ်တော် ညီလာခံတက်ရန် နောက်ကျတော့မှာဘဲ ရိပေါ်ပြောတော့ ရှောင်ကျန့် မျက်လုံးပြန်၍ ဖွင့်လာသည်

ရိပေါ်က ရှောင်ကျန့်နဖူးကို ခပ်ဖွဖွ နမ်းကာ
အရမ်းနာနေသေးလား ကိုယ်တော်ညက အတော်လေးကြမ်းထားတယ်
ရိပေါ်က မေးတော့
ရှောင်ကျန့်ခေါင်းခါ ပြီး အင်း..
သိပ့်မနာတော့ဘူး လိုသာဖြေလိုက်သည်

ဒီနေ့ မင်းကြီး ဝမ်ရိပေါ်သည်
ညီလာခံကို နောက်ကျမှတက်လာသည်

မင်းကြီး ရိပေါ်သည် ရှောင်းမိဖုရားလေးရဲ့ လက်ကိုတယုတယကိုင်၍ ညီလာခံ အတွင်းသို့ဝင်လာပြီး ရှောင်းမိဖုရားကို သူ၏ထိုင်ခုံတွင်သာ ထိုင်စေလိုက်သည်

ရှောင်ကျန့်သည် ဒီနေ့ ညီလာခံအတွင်းထူးခြားနေသည်ကို သတိထားမိသည်

လူတစ်စုသည် ဝတ်ဆာဆင်ယင်မှူအနည်းငယ်ထူးဆန်းနေသည်

ရှောင်ကျန့်သိလိုက်သည် ဒီနေ့ကအရေးကြီးနေ့ဆိုတာ
ရိပေါ်သည် ရှောင်ကျန့်ဘေးကပ်လျက်ထိုင်ချလိုက်သည်

တချွမ်းနိုင်ငံသံအမတ်နှင့်အတူ အရပ်မောင်း တောင့်တင်းပြီး ကြီးမားတဲ့ခံန္ဓာကိုယ်တို့ဖြင့် အမျိုးသား၃ဦးနှင့် ဆွဲဆောင်မှူရှိတဲ့မျက်နှာပုံစံ ကျစ်လစ်လှပသောခံန္ဓာကိုယ်အချိုးစားနှင့် မြင်သူတိုင်ငေးမောရတဲ့ ကောက်ကြောင်းတို့သည် ဆန်းသစ်တဲ့ ဝတ်ဆာဆင်ယင်မှူတို့ကြောင့် မြင်သူတိုင်ငေးရမဲ့ အမျိုးသမီး တစ်ဦး တို့သည် ညီလာခံ ရှေ့အလယ်တွင် ရပ်နေကြသည်

သံယောဇဉ် ဖြင့်နှောင်ဖွဲ့သော် အချစ်Where stories live. Discover now