part29

694 52 2
                                    

ချင်းနန်းတော် ညီလာခံအတွင်း အမတ်တို့ရဲ့အသံတွေဟာ မြို့ဈေးတန်းရောက်နေသကဲ့သို့ ပွတ်လော်ရိုက်ဆူညံနေသည် 
အကြောင်းမှာ မင်းကြီး ဝမ်းရိပေါ်က ညီလာခံမတက်သည်မှာ ရက်တပတ်ခန့် ရှိ နေပြီး

မြို့ထဲမှာ ကြားရတဲ့ ကောလဟာလ ကြောင့် အမတ်မင်းတွေလဲ ထိတ်လန့်ကာ စိုးရိမ်ပူပန်းနေကြသလို ပြည်သူတွေလဲ ကြောက်လန့်နေကြသည်

ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းကြီးနဲ့ ဆွေနွေရန်အမတ်တို့မှာလဲ မင်းကြီးညီလာခံတက်ရန်ကိုသာ စောင့်ဆိုင်းနေသည်မှာ ရက်တပတ်ကျော် နေပြီး ဒီနေ့လဲ မင်းကြီးက ......

ထိုချိန် ညီလာခံအတွင်းဝင်လာတဲ့ မင်းကြီးရဲ့ အထိန်းတော်ကူ.ရဲ့ အသံက ခန်းမအတွင်း ကျယ်လောင်ကာ ဆွဲငင်းသော အသံဖြစ်ထွက်ပေါ်လာသည် ..

ဒီနေ့လဲ မင်းကြီး မအား၍ ညီလာခံမတက်နိုင်ကြောင်းကို ပြောကာ ညီလာခံအတွင်းမှ ထွက်သွားသည်......

အမတ်တို့လဲ ညီလာခံမတက်သော မင်းကြီးကို စိတ်ဆိုးချင်နေကြသည်... မင်းကြီးကို ကြောက်၍သာ အမတ်တို့လဲ ငြိမ်နေရသည်
မင်းကြီးကလဲ ဒီကိစ္စနဲ့ပတ်သက်ပြီးမဆွေနွေဘဲ ရှောင်နေသည် ပြသနာက ဒီတိုင်ထားလို့လဲမရ ပြည်သူတွေကလဲ ကြောက်ရွံနေကြသည်
အမတ်တို့လဲ သက်ပြင်းချကာ ညီလာခံမှ ထွက်သွားတော့သည်
=======
ရင်ခွင်ထဲက ခလေးငယ်ကို ကြည့်ပြီး ရိပေါ်ရဲ့ ပူပန်းမှုတွေက အတောမသတ်....စိုးထိတ်နေရသည်

မျက်တွင်းတွေလဲကျ  ပါးဖောင်းဖောင်းတွေလဲပျောက်ဆုံးကာ ဖြူဖျော့နေတဲ့ အသာရည်နဲ့ ရှောင်ကျန့်က အားရဖွယ်မရှိ ပိန်သေးသေး ခံန္ဓာကိုယ်မှာ လုံးဝန်းနေတဲ့ ဗိုက်လေးနဲ့ ရှောင်ကျန့်ကအားအင်ပျော့နည်းစွာပင် မင်းကြီး ရိပေါ်ရဲ့  ရင်ခွင်မှာ မှီ၍ အိပ်မောကျနေသည် .....

ချစ်ရသူလေးကို ကြည့်ပြီး ရိပေါ် နာကျင်နေရသည်
အစားကောင်းကောင်းမစားနိုင်၍ မိဖုရား ရှောင်ကျန့်ဟာ အားပင်မရှိ အိပ်ရာပေါ်ကနေ မဆင်နိုင် သမားတော်တွေ စပ်ပေးတဲ့ ဆေးတွေကိုလဲ ကောင်းကောင်းမသောက်ဘဲ ပြန်အန်ထုတ်နေတော့ မိဖုရားရှောင်းဟာ ရောဂါသည်တစ်ယောက်လို ပျော့တော့နေသည်.....

သံယောဇဉ် ဖြင့်နှောင်ဖွဲ့သော် အချစ်Where stories live. Discover now