အိုဟောင်းနေတဲ့ အုတ်ချပ်မိုး ခေါင်မိုးလေးအောက်
မာကျောသော သစ်သားကုတင်တစ်ခုပေါ်
ကြမ်းတမ်းတဲ့ ပိတ်စထူးထူးကြီးအောက်
မီးခိုးငွေ့တွေ ကိုပါ ထိုးဖောက်မြင်နေရတဲ့ ခေါင်းမိုးပေါက်က ထိုးဝင်နေတဲ့ နေရောင်ခြည်နုနု
မိုးရာသီကြောင့် သစ်ပင် ဝါးပင် မြေဆီးနံ့ တို့နှင့်အတူ မနက်ခင်း မွှေးပျံ့နေတဲ့ ပန်းလေးတွေရဲ့အနံ့မွှေးမွှေး
တို့ဟာ စိတ်ကိုကြည်လင်စွာ နိုးထစေသည်ပတ်ဝန်ကျင် ကအေးချမ်းတိတ်ဆိတ်သယောင်နဲ့ တဒုန်းဒုန်းနဲ့ ဆူညံနေသောအသံမျိုးစုံတွေ.....
" တကျွီးကျွီ.၊၊ တဒုန်း.. ဒုန်း!!! "
သူသည်ဟာ " တောက်...!!! " ခပ်ကျယ်ကျယ် တောက်ခေါက်လိုက်သည်
"ငါကိုယ်တော် အိပ်စက်နေတာ လာနှောက်ယှက်ရဲကြတာ မင်းတို့မှာ ခေါင်းအပိုပါခဲ့တာလာ.. ?"""
မျက်လုံးမှိတ်လျက် ခပ်ကျယ်ကျယ် ဒေါသတကြီး ပြောလိုက်တဲ့ အသံကြောင့်
သစ်သား ဆုံးတစ်ခုထဲ တဒုန်းဒုန်း ဆေး ထောင်းနေတဲ့ ဆူညံသံဟာ ချက်ချင်တိတ်ဆိတ်သွားသည်
အခြေနေတစ်ခုကို သတိရသွားတဲ့ သူက
အိပ်စက်ရာ နန်းတော်ထက်ဟာ မာကျောကြမ်းတမ်းလာ၍ ရိပေါ် မျက်လုံးကို ဖျတ်ကခနဲ့ပွင့် လာပြီး မြန်ဆန်စွာ ငုတ်တုတ်ထထိုင်ပြီး မလွတ်ဘဲကိုင်ထားတဲ့ လက်စွဲတော်ဓားကိုယူပြီး ဝေ့ရမ်းလိုက်သည်မျက်ရှေ့မှာရှင်းရှင်းလင်းလင်းမြင်လာတဲ့ အရိပ်လေးဟာ သူ့ကို မျက်လုံးပြူးပြီး ကြောင်ကြည့်နေသည်
ဝေ့ရမ်းလာတဲ့ ဓားကြောင့် အရမ်းကြောက်သွားသည့်ပုံ
သူ့အနားကို ဖြည်းဖြည်း ချဉ်းကပ်လာတဲ့ သူ့ခြေလှမ်းကို ရပ်တန့်စေသည်
ကြောက်ရွံမှုကြောင့် လက်ထဲကိုင်ထားတဲ့ သစ်သား ဂျပွေ့တစ်ခုကို ဆုပ်ကိုင်ထားပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်
နှုတ်ခမ်းတွေက တုန်ယင်ကာ တစ်ခုခုပြောဖို့ သူ့ကို ကြောင်ရွံနေသလို....." လူ... လူကြီးမင်း... " အနှစ်နှစ် အလ လ မေ့မရခဲ့တဲ့ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အသံလေး သူ့ရဲ့ချစ်ရသူလေး... ကိုယ်တော် သက်ညှာ...
YOU ARE READING
သံယောဇဉ် ဖြင့်နှောင်ဖွဲ့သော် အချစ်
Fantasyအချစ် နှင့် စစ်မှာ မတရားတာမရှိဘူး ဘယ်နည်းလမ်းနဲ့ဘဲ အနိုင်ရနေပါစေ အဓိက ကအောင်နိုင်သူဖြစ်ဖို့ဘဲ ချစ်ရသူ.........