part27

993 72 10
                                    

အချိန်ကြာလာသည့်အမျှ ရှောင်းမိဖုရားရဲ့ ကိုယ်ဝန်က ၅လပင်ကျော်လာ ခဲ့သည်

၅လကျော်ကိုယ်ဝန်လေးက စူးလုံးလုံး ဗိုက်ကလေးနဲ့ ရှောင်ကျန့်ဟာ အလွန်ပင်ချစ်စရာကောင်နေသည်
ဒီရက်ပိုင်သည် ရှောင်းမိဖုရားလေးက အစားထက် အအိပ်ကို ပို၍အိပ်နေသည် မျက်လုံးကိုတောင်မဖွင့်နိုင်လောက်အောင် ရိပေါ် ကိုလဲ တခုပြီးတခု မပူဆာနိုင်တော့ အချိန်တိုင်အိပ်ချင်နေ၍ အခက်တွေ့နေရသည်
ဗိုက်ကဆာနေပေမဲ့ ရှောင်းမိဖုရားလေးမှာ မျက်လုံးမဖွင့်နိုင်ဘူးဖြစ်နေသည်
ရိပေါ်သည် ညီလာခံပြီးတာနဲ့ နဂါးဆောင်သို့ တန်းပြန်သည် သူ့ရဲ့ မိဖုရားလေးက အခုရက်ပိုင် လိုတာထက်ပို၍ အိပ်နေသောကြောင့် ရိပေါ်မှာ စိတ်ပူပင်နေရသည်
သူ့မိဖုရားလေးက အရင်ကလို ပေါက်တက်ကရ အရာတွေ ကိုသူ့ဆီမှာ မတောင်းနိုင်တော့ သူ့မှာ မိဖုရားလေး အလိုကျ ကိုယ်တိုင်ကြွက်တွင်းတောင်တူးခဲ့ရသည်
မြို့ထဲဈေးမှာ သွားဝယ်ပေးမယ်ဆိုလဲမရ မောင်တော်ဖမ်းတဲ့ ကြွက်ကမှ ပို၍ စားကောင်း ပို၍ အရာသာရှိမယ်တဲ့ မိဖုရားလေးရဲ့အလိုတော်ကျ ရိပေါ်မှာ ဘုရင် ဘဝမှ ကြွက်ဖမ်းသမားဘဝ ရောက်ခဲ့ ရသေးသည်
ခုတော့သူ့မိဖုရားလေးက အစားတောင်ကောင်းကောင်းမစားနိုင် စာလျက်နဲ့ ပင်အိပ်ငိုက်နေတက်သည့် ရက်ကများလာသည်

ရိပေါ် နောက်တွင် သမားတော်ကြီးနဲ့ အတူ အာလီသည် ဂျင်ဆင်နှင့်ရောစပ်ပြုတ်ထားတဲ့ ကြက်သားဟင်းရည်ခွက်လေး ကိုင်၍ ဝင်လာခဲ့သည်

အိပ်နေသောမိဖုရားလေးကို နန်းတွင်းသမားတော် စမ်းသပ်လိုက်သည်

မိဖုရားက အစားကောင်းကောင်းမစားဖြစ်တော့ အနည်းငယ်အားနည်းနေပါတယ် မင်းကြီး
ဒီအတိုင်သာဆို နန်းသွေးအတွက်ရော မိဖုရားအတွက်ပါ မကောင်းပါဘူး မင်းကြီး
မိဖုရားအိပ်ချင်စိတ်ပြေရန်နှင့် စိတ်ကြည်လာစေရန်
ကျွန်တော်မျိုး မိဖုရားအတွက် ပန်း၅မျိုးဆေးဖော်စပ်ပေးပါရစေ မင်းကြီး!
အင်း..ကောင်းပြီး !မောင်မင်းအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ
ရိပေါ်သည် စိတ်မသက်မသာ သမားတော်ကို အမိန့်ပေးလိုက်သည်
သူ့အတွက်နဲ့ ကျန့်ကျန့်ခများ ပင်ပန်းနေရပြီး ရိပေါ်ချစ်ရသူမျက်နှာလေးကို သနားဂရုဏာဖြင့်ကြည့်နေမိသည်

သံယောဇဉ် ဖြင့်နှောင်ဖွဲ့သော် အချစ်حيث تعيش القصص. اكتشف الآن