စစ်ပွဲတစ်ရာ အကြိမ်ကြိမ်နွှဲခဲ့ ရပေမဲ့
နှလုံးသားတိုက်ပွဲတစ်ခုမှာတော့ သူဟာ
အရေးနှိမ့်ခဲ့ရပြီးဘယ်လိုမှမနိုင်တော့တဲ့
နှလုံးသားတိုက်ပွဲတစ်ခုဟာ ရှုံးနှိမ့်ခဲ့ရပြီး
သူကြိုးစားခဲ့သမျှ မိုးသည်းထန်စွာရွာချလိုက်တဲ့ မိုးရေတွေနဲ့အတူ မျှောပါသွားပြီး
ရှုံးနှိမ့်ချင်တွေနဲ့အတူ သူ့ရဲ့နှလုံးသားတစ်ခုလုံးပါ တစစီးမျှောပါသွားပြီး
သူရဲ့အချစ်တွေက မစစ်မှန်ခဲ့လို့လာ
သူ့ရဲ့နှလုံးသွေးကြောတွေပါ ကွဲအပ်ပြီး သွေးစိမ်းစိမ်းကျနေသလို တနင့်တပိုး ခံစားနေရသည်ထိုလူသားကို နှလုံးသားတစ်ခုလုံးနဲ့ချစ်ခဲ့ရတာပါ
ခြေလေးထောက် သစ်သားစာပွဲခုံပေါ်လေးမှာ မွှေးကြိုင်တဲ့ အသားဟင်းတစ်မျိုး အရွက်ကြော် အရည်သောက် မြေပဲလှော်တစ်ပန်းကန် အချိုပွဲမုန့်တစ်မျိုး နဲ့ လဘက်ကြမ်းရေနွေးကရားအိုးနဲ့ ခွက်ကလေး ၃ခွက်က သစ်မွှေးဗန်းဝိုင်းလေးပေါ်မှာလဲ နေရာယူထားသည်
စာပွဲပေါ်က ထမင်းပန်းကန်လုံးသုံးလုံးထဲက အငွေ့ပျံနေတဲ့ ထမင်းပူပူတွေက အေးစက်နေပြီး
ချထားတဲ့ သစ်သား လုံးချောတူ ကို မည်သူမှ မထိကိုင်ကြခလေးငယ်တစ်ဦးက သူ့ရဲ့ထမင်းပန်းကန်ကို အသံတချက်မထွက်ဘဲ စားနေသည် တိတ်ဆိတ်နေတဲ့ထမင်းစာဝိုင်းက သူနဲ့မဆိုင်သလို စားနေသည်
ရှောင်းအော်လေးရဲ့ အဆင့်တန်းရှိတဲ့ စားသောက်ပုံကို ရိပေါ် မျက်တောင်မခတ်ကြည့်နေသည်
အေးဆေးတည်ငြိမ်တဲ့အပြုမှုနဲ့ ယဉ်ကျေးတဲ့ အပြုမှုဟာ တချိန်က သူ့ပုံစံကို ပြန်မြင်ယောင်နေသလို
တူလွန်သည် ဒါပေမဲ့ သူမယုံရဲဘူး
သားတော်လေးကို သူကိုယ်တိုင်ဘဲ..... ရိပေါ်ဟာ ဆက်ပြီးမတွေးရဲတော့ဘူး အဖြစ်ပျက်တွေက သူ့ကိုအခုထိ သွေးပျက်တုန်လှုပ်စေသည်
သူရဲ့သားတော်လေးက အခုထိရွှေနန်းတော်က နှစ်တစ်ရာဆေးရည်စိမ်ထဲမှာ အိပ်စက်နေတုန်းဘဲ မဟုတ်လာ .....ဒါဆို ဒီခလေးကရော်......ထိပ်ဆုံးခုံမှာ ထိုင်နေတဲ့ ရိပေါ်က ရှောင်းအော်လေးကိုတလည့် ရှောင်ကျန့်ကို တလည့်ကြည့်နေသည် တူတယ် ဒါပေမဲ့ သူနဲ့ပိုတူသလို...
YOU ARE READING
သံယောဇဉ် ဖြင့်နှောင်ဖွဲ့သော် အချစ်
Fantasyအချစ် နှင့် စစ်မှာ မတရားတာမရှိဘူး ဘယ်နည်းလမ်းနဲ့ဘဲ အနိုင်ရနေပါစေ အဓိက ကအောင်နိုင်သူဖြစ်ဖို့ဘဲ ချစ်ရသူ.........