ONE

17.8K 957 38
                                    

[Zawgyi]

အပြာ​နု​ရောင်​​ကောင်းကင်ပြင်​သည်​ လိ​မ္မော်​​ရောင်​ရင့်​ရင့်​ဆီ​ဖြေး​ဖြေးချင်းကူး​ပြောင်း​စပြု​နေသည်​၊
နေ​ရောင်​အချို့ကကျ​နော့်​မျက်​နှာ​ပေါ်ဖြာကျ​နေလျက်​၊
အေးမြ​သော မြက်​ခင်းပြင်​ကြီး​ပေါ်တွင်​ ကျ​နော်​ဟာလွတ်​လပ်​စွာပင်​လှဲ​လျောင်း​နေပါသည်​၊

အချိန်​အားဖြင့်​ည​နေ​စောင်း​လေပြီ
ကျ​နော်​က​တော့ကျ​နော့်​ခြံဝန်းထဲကမြက်​ခင်း​ပြင်​ကျယ်​ကျယ်​ကိုမခွဲခွာနိုင်​​သေး​ချေ၊
တစ်​နည်း​ပြောရလျှင်​ကျ​နော်​ကပျင်းရိခြင်းရဲ့အ​စေခံဘဝမှာ​ပျော်​​မွေ့​နေတာ​ပေါ့ ၊ မနက်​ဖြန်​ကျရင်​ကုမ္ပဏီတစ်​ခု၌အလုပ်​စဆင်းမည်​ ၊

ဒီ​နေ့က ကျ​နော်​​နောက်​ဆုံးပျင်းရသည့်​​နေ့၊

"အင်းးး"

ခန္ဓာကိုယ်​ကအ​ကြော​တွေကိုဆန့်​ထုတ်​လိုက်​ပြီး
ထိုမြက်​ခင်း​ပေါ်မှကျ​နော်​ထလိုက်​သည်​၊
ရေချိုးချိန်​​ရောက်​​လေပြီ....၊

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

တိတ်​ဆိတ်​​နေ​သောကျ​နော့်​အခန်းထဲတွင်
ခရမ်း​ရောင်​မီးအိမ်​​လေးကအလင်း​​ရောင်​ကို​ဆောင်​ထားသည်​၊
ဒီမီးအိမ်​ကိုကျ​နော်​အသစ်​မလဲမိ​​သေးဘူးပဲ..၊

ပုံဆွဲရတာဝါသနာပါတဲ့ကျ​နော်​သည်
ထိုမီးအိမ်​​လေးတင်​ထား​သောစားပွဲ​ပေါ်တွင်​ခဲတံတစ်​​ချောင်းနှင့်
အလုပ်​ရှုပ်​​နေသည်​၊
ကျ​နော့်​ပုံဆွဲစာအုပ်​​တွေထဲ​မှာ​နေရာယူထားသည့်​ပုံများသည်
ပုံ​သေရယ်​လို့မရှိ။
သက်​ရှိ​တွေရဲ့ပုံ၊ သက်​မဲ့​တွေရဲ့ပုံ၊ ပြီး​တော့ ရှုခင်း​တွေရဲ့ပုံ။

အခုကျ​နော်​ဆွဲ​နေတာက​တော့​ကောင်းကင်​​ပေါ်မှာပျံသန်း​နေတဲ့စွန်​တစ်​ခုရဲ့ပုံ၊ များ​သောအားဖြင့်​​တော့ အချိန်​တစ်​ခု၏​နောက်​ပိုင်းမှာ သက်​မဲ့​တွေရဲ့ပုံ​တွေကိုကျ​နော်​ပိုဆွဲဖြစ်​လာပါသည်​၊ အ​ကြောင်းပြချက်​က​တော့ ကျ​နော်​သူတို့ကိုအားကျလို့ ။

*​ဗျောက်​*

ခဲသားကျိုးသွားတဲ့ကျ​နော့်​ရဲ့ခဲတံ၊
လေပူအချို့ကိုကျ​နော်​မှုတ်​ထုတ်​ပစ်​လိုက်​သည်​၊
အံဆွဲကိုဖွင့်​ကာ ထိုခဲတံကိုထည့်​လိုက်​​တော့
အံဆွဲထဲမှာ ခဲသားကျိုး​နေ​သောခဲတံ​တွေအ​တော်​များ​နေပြီ၊
ကျ​နော်​လွှင့်​ပစ်​ရဦးမည်​၊

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now