THREE

4.3K 688 13
                                    

[Zawgyi]

အဲ့ဒိ​နေ့ကနှင်း​တွေကျ​နေတာ ၊
ကျ​နော့်လက်​​ထဲမှာ သူ့လက်​​ချောင်း​လေး​တွေက​အေးစက်​​နေလိုက်​တာအရမ်းပဲ ။
သူ့ကိုကျ​နော်​အများကြီး​မျှော်​လင့်​ထားသည် ၊
အထူးသဖြင့်​ သူနဲ့အတူဖြတ်​သန်းရမယ့်​ ကမ္ဘာ​လေးတစ်​ခုကို​ပေါ့ ၊ ကျ​နော့်​တစ်​ဘဝလုံးစာလို့ကျ​နော်​မှတ်​ယူထားသည်​ ။
အချိန်​​တွေအကြာကြီး အကြာကြီး သူနဲ့အတူဖြတ်​သန်းမည်​ ၊
သူ့ကိုကျ​နော်​တကယ်​ချစ်​တာ ၊

ဒါ​ပေမယ့်​ သူက​တော့ကျ​နော့်​လိုမဟုတ်​ခဲ့ဘူး​လေ ၊

"လမ်းခွဲကြရ​အောင်​"

သူ့ဆီကစကားတစ်​ခွန်းတည်းက ကျ​နော့်​နှလုံးသားကိုမီးမြိုက်​နိုင်​ခဲ့ပါသည်​ ၊ ကျ​နော်​မယုံနိုင်​ခဲ့ဘူး ။
သူ့ဆီကအ​ကြောင်းပြချက်​ကိုနား​ထောင်​ချင်​ခဲ့သည်​ ၊

"ဘာဖြစ်​လို့လဲ? ကျ​နော့်​ကို​ပြော
ကျ​နော့်​မှာပြင်​စရာ​တွေရှိ​နေလို့လား?
ရှိ​နေရင်​​ပြောပါ ကျ​နော်​ပြင်​ပါ့မယ်​ထယ်​​ယောင်း "

သူကကျ​နော့်​မျက်​လုံး​တွေကိုတည့်​တည့်​မကြည့်​ခဲ့..၊

"ငါ....ငါအဆင်​သင့်​မဖြစ်​​သေးဘူး
လက်​ထပ်​ဖို့က ငါ့အတွက်​.."

"ရတယ်​ လက်​ထပ်​ဖို့ကို​နောက်​ဆုတ်​ထားလို့ဖြစ်​တာပဲ"

ကျ​နော်​သူ့ကိုဆွဲထားခဲ့သည်
ကျ​နော်​တတ်​နိုင်​သ​လောက်​...သူကျ​နော့်​အနားကထွက်​သွားမှာကိုကျ​နော်​မလိုလားခဲ့ဘူး
ကျ​နော်​အများကြီး​မျှော်​လင့်​ထားခဲ့တာ​လေ..။

"မဟုတ်​ဘူး..ငါ​ပြောချင်​တာက..
ငါမင်းကိုလက်​ထပ်​ဖို့အထိမရည်​ရွယ်​ခဲ့ဘူး"

"ဘာ?"

ကျ​နော့်​အသံကတိုးဝင်​သွားလျက်​..၊

ကျ​​နော့်​နားကို​တောင်​ကျ​နော်​မယုံနိုင်​ခဲ့ပါဘူး
ရုတ်​တရက်​ကြီးကျ​နော့်​မှတ်​ဥာဏ်​​တွေကသူ့ကိုသူစိမ်းတစ်​​ယောက်​လို့မှတ်​ယူပစ်​လိုက်​သည်​၊
သူ့ကိုကျ​နော်​မသိ​တော့သလိုမျိုး ၊
ကျ​နော်​သူ့ကို​ဒေါသထွက်​သွားခဲ့တာ...

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now