SIX

4.3K 666 62
                                    

[Zawgyi]

စိတ်​လှုပ်​ရှားမှု​ကြောင့်​​ခြေဦးတည့်​ရာထွက်​လာရင်း​တောအုပ်​ထဲလမ်း​လျှောက်​ဝင်​လာ​သော​ဂျောင်​ဂု၊
အ​နောက်​က​နေ​ထိုလူသားလိုက်​လာသည်​ကိုသိပါလျက်​လှည့်​မကြည့်​မိ ။

"​ဂျောင်​ဂုငါ​ပြောတာ​ကို​နား​ထောင်​​ပေးပါ"

"......."

စိတ်​ထဲတွင်​လိုသုံးလုပ်​ခံရသလိုခံစား​နေရပြီး ​ဒေါသလည်းထွက်​မိသည်​ မလိုချင်​လို့စွန့်​ပစ်​ပြီးခါမှဘာလို့ဒီလို​တွေလာပြုမူ​​နေရတာလဲဟုသာ​ခေါင်းထဲတွင်​​မေးခွန်း​တွေထပ်​​နေသည်

"​ဂျောင်​ဂု ခဏ​လေး"

"ကျ​နော့်​ကိုလွှတ်​ထား​ပေးပါ"

"အ့"

နောက်​က​နေလက်​ကိုလှမ်းဆွဲသည်​​ကြောင့်​ဖြုတ်​ချပစ်​လိုက်​​တော့ အားပါသွားမိကာထိုလူသားက​မြေပြင်​​ပေါ်ဘုတ်​ခနဲ၊
ချက်​ချင်းစိုးရိမ်​မှု​တွေ​ပြည့်​နက်​သွားပြန်​တဲ့​ဂျောင်​ဂု၏မျက်​နှာ။

"ဘာဖြစ်​သွား​သေးလဲ? "

"......"

ညာဖက်​တံ​တောင်​ဆစ်​ကို ဘယ်​လက်​ဖဝါး​လေးဖြင့်​အုပ်​ကိုင်​ကာငြိမ်​​နေ​သောထယ်​​ယောင်း၊
မေး​တော့လည်းဘာမှပြန်​မ​ဖြေနှင့်​ ​ဂျောင်​ဂုပိုစိုးရိမ်​လာသည်

"ပြစမ်း"

ရှေ့တွင်ဒူးေ​ထာက်ထိုင်လိုက်ပြီး​​​တံ​တောင်​ဆစ်​ကိုအတင်းဆွဲယူကြည့်​မိ​တော့ ဘာမှလည်းကြီးကြီးမားမားဖြစ်​မသွားပါဘဲ ထိုလူသားကအခုထိငို​တော့မည့်​မျက်​နှာထားနှင့်​ထိုင်​​နေတုန်းပင်​၊
ကို​ယ့်​အမှားဖြစ်​သွားသည်​​ကြောင့်​ အပြစ်​လည်းသွား​ပြောလို့မရ ။

ဂျောင်​ဂု သက်​ပြင်းချလိုက်​ပြီး

"​ပြော​ပြော နား​ထောင်​မယ်​​ပြော"

အခုချိန်​ထိက​လေးစိတ်​မ​ပျောက်​​သေး​သောထိုလူသားကို
သူဘယ်​လောက်​ထိဆက်​ပြီးအလိုလိုက်​​နေမိဦးမှာလဲ၊
တ​ဖြေး​ဖြေးနဲ့​မော့ကြည့်​လာတဲ့မျက်​နှာ​လေးကိုကြည့်​မိ​တော့ ​သေချာပါသည်​ သူ့ကိုတစ်​ခုခု​တောင်းဆို​တော့မည်​ဆိုတာ။

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now