FOUR

4.4K 675 34
                                    

[Zawgyi]

ကျ​နော့်​နှာ​ခေါင်းထဲကိုတိုးဝင်​လာတဲ့​ကော်​ဖီရနံ့သင်းသင်း​လေး၊
နွေး​ထွေး​နေတဲ့ကျ​နော့်​ခန္ဓာကိုယ်​ရယ်​ ကျ​နော့်​ရင်​ခွင်​ထဲကနူးနူးညံ့ညံ့​ခေါင်းအုံးတစ်​လုံးရယ်​...၊
အလွန်​မှသက်​​သောင့်​သက်​သာရှိလှသည်​ ၊
ရင်​ခွင်​ထဲက​ခေါင်းအုံး​လေးကိုပိုတိုး၍ဖက်​လိုက်​ပြီး ဆက်​အိပ်​ရန်​ပြင်​လိုက်​​ပေမယ့်​ ​ခေါင်းထဲဝင်​လာတဲ့အသိတစ်​ခု​ကြောင့်​ ကျ​နော်​ ဆက်​ခနဲ ထထိုင်​လိုက်​မိသည်​ ၊

ကျ​နော်​ဘယ်​ကို​ရောက်​​နေတာလဲ?

တိတ်​ဆိတ်​ပြီး​အေးချမ်း​နေတဲ့အခန်းငယ်​...၊
ဒါကသူ့အခန်း...။
ဘေးဖက်​ကိုတစ်​ချက်​ကြည့်​မိ​တော့ ခရမ်း​ရောင်​မီးအိမ်​​လေးတင်​ထားတဲ့စားပွဲ​ပေါ်၌ ​ကော်​ဖီပူပူ​လေးတစ်​ခွက်​က​နေရာယူလျက်​ ၊
နာကျင်​​နေတဲ့ကျ​နော့်​လက်​ဖဝါးနှစ်​​ဖက်​​ကြောင့်​ မျက်​နှာ​ရှေ့​တွင်​ဖြန့်​ကြည့်​လိုက်​​ပေမယ့်​ ကျ​နော့်​လက်​ဖဝါး​တွေကိုကျ​နော်​မမြင်​ရဘဲ လက်​​ချောင်း​တွေကိုသာမြင်​ရသည်​ ၊
ကျ​နော်​ဝတ်​ထားတဲ့အင်္ကျီကြီးက ကျ​နော်​နှင့်​ကြီး​နေ၏..။

သေချာ​ကြည့်​ကြည့်​မိ​မှကျ​နော့်​ကိုယ်​​ပေါ်မှာသူ့အဝတ်​အစား​တွေ...။ သူကျ​နော့်​ကိုသူ့အဝတ်​အစား​တွေလဲ​ပေးထားတာပဲ၊

နွေးခနဲဖြစ်​သွားတဲ့ကျ​နော့်​ပါးပြင်​​တွေနဲ့အတူ
ကျ​​နော်​တကယ်​အ​နေခက်​သွားမိသည်​ ၊

ဂျောက်​ခနဲအခန်းတံခါးဖွင့်​သံနှင့်​အတူအခန်းထဲကိုဝင်​လာတဲ့သူ..၊
သူ့လက်​ထဲမှာအနာကပ်​ပလာစတာနှစ်​ခုလည်းပါလာသည်​ ၊
သူ့မျက်​နှာ​ချော​ချောက​တော့​​အေးစက်​​နေလျက်​ပါပဲ..။

"​ကော်​ဖီ​ဖျော်​​ပေးထားတယ်​...​သောက်​လိုက်​"

သူကကျ​နော့်​ကို​ပြောသည်​..။
ကျ​နော်​​ခေါင်းညှိမ့်​ပြလိုက်​ကာ ​ကော်​ဖီခွက်​ကိုလှမ်းယူ​လိုက်​​တော့ ကုတင်​​​ပေါ်ကို​တ​စောင်းဝင်​ထိုင်​တဲ့သူ...။
ကော်​ဖီကိုကျ​နော်​တစ်​ဝက်​​သောက်​လိုက်​ပြီး ပြန်​ထားလိုက်​သည်​ ၊

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now