EIGHT<final>

7.9K 659 59
                                    

[Zawgyi]

စောင်​​တွေကြားတွင်​လူးလွန့်​​နေ​သောထယ်​​ယောင်း ၊
ပင်​ပန်း​တော့ခဏ​လေးအိပ်​​​ပျော်​သွားခဲ့သည်​ ။
မျက်​လုံးဖွင့်​ကြည့်​မိ​တော့အခန်းထဲတွင်​​ဂျောင်​ဂုရှိ​မ​နေ
သူ့ကိုယ်​​ပေါ်ကို​တော့သူမနက်​ကဝတ်​လာသည့်​ရှပ်​လက်​ရှည်​အဝါ​လေးတစ်​ထည်​ကိုပြန်​ဝတ်​​ပေးထားသည်​ ။
အင်္ကျီက​ပေါင်​လယ်​ထိရှည်​​ပေ​မယ့်​ ​နေရတာမလုံမခြုံရှိခြင်း​ကြောင့်​ ​ခါး​အောက်​ပိုင်းကို​စောင်​နှင့်​သာ​သေချာခြုံထားလိုက်​သည်​ ။

*​ဂျောက်​*

တစ်​ချိန်​တည်းမှာပဲအခန်းထဲဝင်​လာတဲ့​ဂျောင်​ဂု
လက်​ထဲတွင်​​ကော်​ဖီခွက်​နှစ်​ခွက်​ကိုလည်းကိုင်​​ဆောင်​ထား​သေးသည်​ ၊ ခုနကလိုရုံးသွားမည့်​အဝတ်​အစားမျိုးမဟုတ်​​တော့ဘဲ အိမ်​​နေရင်းဝတ်​သည့်​​ပေါ့​ပေါ့ပါးပါးပုံစံမျိုးကိုသာဝတ်​ဆင်​ထား​သည်​ ၊ သူ့နိုး​နေတာမြင်​​တော့ပြုံးပြသည်မို့အကြည့်​လွှဲလိုက်​မိသည်​ ။ တကယ်​တမ်းကျ​တော့ ဒါကမျက်​နှာပူစရာဘယ်​​လောက်​​ကောင်းသလဲ ။

"နွားနို့ယူလာတယ်​"

ထင်​တာက​ကော်​ဖီ​ပေမယ့်​ သူ​ကော်​ဖီမကြိုက်​တာကို ကိုယ်​လူ​ချောက​မေ့မှမ​မေ့ဘဲ ။ ဘာမှပြန်​မ​ပြောမိဘဲ ဟိုကြည့်​ဒီကြည့်​သာ​ကြည့်​​နေမိ​တုန်း​မွေ့ယာ​ပေါ်ကိုတက်​လာ​သော​ဂျောင်​ဂု​​ကြောင့်​ ထယ်​​ယောင်းလှဲ​နေရမှာထရန်​ပြင်​လိုက်​​ပေမယ့်​အချိန်​မမှီလိုက်​ ၊ ​ဂျောင်​ဂုသည်​သူ့​ဘေး​တွေဝင်​လှဲ၍သူ့ကိုရင်​ခွင်​ထဲ​ဖက်​တွယ်​ထားလိုက်​ပြီဖြစ်​သည်​ ။

"​ဂျောင်​...​ဂျောင်​ဂု"

"ငြိမ်​ငြိမ်​​နေ"

ရှက်​ရွံ့မှု​ကြောင့်​အနည်းငယ်​လှုပ်​ရှားမိ​တော့ "ငြိမ်​ငြိမ်​​နေ"ဆိုပါ​သောကိုလူ​ချော ၊ ထို့နှင့်​ပင်​ထယ်​​ယောင်းသည်​​ဂျောင်​ဂုရင်​ခွင်​ထဲမျက်​လုံး​လေးမှိတ်​ကာငြိမ်​သက်​​နေလိုက်​​တော့သည်​ ။
ဒီလိုအခိုက်​အတန့်​​လေး​တွေကိုသူဘယ်​​လောက်​​တောင်​တမ်းတ​နေခဲ့ရပါသလဲ ၊ အမှားကိုကိုယ်​ကလုပ်​ခဲ့မိသူပီပီဘာကိုမှရဲရဲဝံ့ဝံ့​မ​ပြောဆိုရဲခဲ့၍ ဒီလူ့ဆီကတုန့်​ပြန်​မှု​တွေကိုက​မျှော်​လင့်​တကြီး​စောင့်​စား​နေခဲ့ရတာ ။ ​တွေးမိရင်းဝမ်းနည်းလာသည်​ ​ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​ပါလျက်​ ဒီ​ယောက်ျားနှင့်​ပတ်​သက်​ရင်​​တော့အမြဲလိုလိုခံစားချက်​ကဖြစ်​ပွားလွယ်​​နေခဲ့သည်​ ။

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now