"ကိုယ့်အသည်းဦးကို ဝမ်အိမ်တော်မှာ တွေ့ခဲ့တာ.... "
ဟင်.. ဝမ်အိမ်ကတဲ့လား။ ဘယ်သူများလဲ ရိပေါ်မရတဲ့ ဒီလိုကံကောင်းမှုတွေရဲ့ပိုင်ရှင်က။ ရိပေါ်မှာတော့ ချစ်လိုက်ရတာ ကိုကိုက ချစ်မယ့်ချစ်တော့ ဝမ်အိမ်က လူတဲ့လား...။
" ကိုယ့်အတွက်လုပ်ပေးတဲ့ ဧည့်ခံပွဲကို ပြင်ဆင်နေကြတာကို ဝိုင်းကူပေးရင်းနဲ့ အသည်းဦးကို တွေ့တာ... တကယ့် တယုတယ မြတ်နိုးပေးချင်စရာလေးမို့ ကိုယ် ငေးနေတုန်း ချက်ချင်းကို ကိုယ့်ရှေ့က ပျောက်သွားတော့တာပဲ... ကိုယ့်မှာတော့ ခဏကလေးမြင်ရုံနဲ့တင် ချစ်ရလွန်းလို့ ချုံချင်ပြန်ပြီး ဝါပင်တွေပျိုးရတယ်..."
ဟွန့် ဘယ်လိုဟာမို့လို့ ကိုကို့လို လူရှေ့ကနေ ထွက်ပြေးသလဲ..။ ရိပေါ်မှာတော့ ချစ်ရလွန်းလို့ ကိုကို့ကို မြင်ပြီး ထွက်ပြေး...အဲ ... ရိပေါ်လဲ ကိုကို့ကို မြင်တော့ထွက်ပြေးခဲ့တာပါပဲ။
" ကိုယ်ကတော့ ကိုယ့်အသည်းဦးကလေးကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူးလို့ ဆုံးဖြတ်တာပဲ... အဲ့ဒါကြောင့်လဲ ဝမ်ရိပေါ်ရဲ့ မမကို ငြင်းတာပေါ့.... ဒါပေမယ့် ဝမ်ရိပေါ်တို့ဘက်က ဝမ်ရိပေါ်နဲ့ လက်ထပ်စေချင်ပြန်ရော... ကိုယ် ပြောပြီးပါရော ကိုယ့်အသည်းဦးကလွဲဘယ်သူ့ကိုမှ ကြင်ယာဖက်အရာထားဖို့ စိတ်ကူးမရှိဘူးဆိုတာလေ...."
အွန်းပေါ့... မတတ်သာလို့ ရိပေါ်ကို ယူရတာ သိသားပဲ...။ ကိုကိုက ရိပေါ်ကို ဒီလိုပဲ အနိုင်ကျင့်ပါတယ်။ ကိုကို မချစ်တာ သိရက်နဲ့ ကိုကို့နားမှာ တွယ်ကပ်နေချင်တဲ့ ရိပေါ်ကို ချစ်ရသူရှိမှန်းအမြဲ သတိပေးတယ်။ နေပေါ့ ရိပေါ်ကို ကိုကို ချစ်လာအောင် ရိပေါ်ကတော့လုပ်မှာပဲ....။ အဲ့အချိန်ကျမှ အဲ့ဒီအသည်းဦးဆိုတာကြီးကို ကိုကို့ပါးစပ်ကနေ " အဲ့ဒါ စုန်းမကြီးပါကွာ ဝမ်ရိပေါ်လေးလို ချစ်စရာလေးမဟုတ်ဘူး" လို့ ပြောထွက်အောင်လုပ်ပြမယ် ဟွန့်။ မယုံရင် ကိုကို စောင့်နေလိုက်။
" ဟိတ် စကားအတည်ပြောနေတာ...မျက်နှာနုနုလေးကို မဲ့လိုက် ရှုံ့လိုက်နဲ့ ခေါင်းပိစိလေးထဲ မဟုတ်တာတွေ ကြံမနေနဲ့ အသည်းယားတယ်.."