"ရိပေါ် ဒါက အစ်မတို့မြို့တော်က နာမည်ကြီးမုန့်ဆိုင်ပဲ... မြည်းကြည့်ဦး ကောင်းရဲ့လား..."အစ်မအန်းယွီဝေနဲ့ အတူ ရိပေါ်မြို့ထဲအလည်ထွက်လာတာ.. ။ ကိုကိုကတော့ သက်သာကာစမို့ နေခဲ့ရတယ်။ ကိုကိုရှင်းပြလို့ အစ်မအန်း က ကိုကို့ဒေါ်လေးရဲ့သမီးဖြစ်ကြောင်း စနောက်နေတာဖြစ်ကြောင်း သိခဲ့ပြီးပြီ။
"အော် ရှောင်းအိမ်က မြေးမပဲ ဒါကဘယ်သူတုန်း ကောင်လေးလား ရှောင်းအိမ်ကမြေးမက ဘယ်လိုလုပ်ပြီး ဒီလိုလျှောက်သွားနေရတာလဲ..."
အစ်မအန်းကို နှုတ်ဆက်တဲ့ အမျိုးသမီးက ကိုကိုနဲ့ သက်တူရွယ်တူထင်ရတယ်။ စပြောတည်းက ခနဲ့တဲ့တဲ့မို့ ရိပေါ်က သိပ်မနှစ်သက်ချင်...။
" ဒီကလေးက ရှောင်းကျန့်ရဲ့ ခင်ပွန်းကလေးလေ.... အစ်မ လီ သိတယ်မဟုတ်လား ရှောင်းကျန့်ကို...."
ယွီဝေက ရိပေါ်ကို ထိခိုက်လာမှာစိုးလို့ ရှောင်းကျန့်နာမည်နဲ့ တိုက်ရိုက်မိတ်ဆက်ပေးခဲ့တာ။ ပိုဆိုးသွားမယ်မမျှော်လင့်ခဲ့ဘူး။
"အိုး အချစ်ဟောင်းရဲ့ ခင်ပွန်းကလေးတဲ့လား..မောင်လေး အစ်မကို မှတ်ထားနော် လီယွင်တဲ့ အစ်မအချစ်ဦးကို မောင်လေးဆီက ပြန်ယူမယ့်သူ..."
ယွီဝေစိတ်တွေညစ်တော့တာပါပဲ။ ရှောင်းကျန့်ကတော့ပြဿနာရှာတော့မှာပဲ။
"ဟုတ်အစ်မ... ဟီးဟီး တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က ဝမ်ရိပေါ်ပါ ကိုကို့အသည်းဦးကလေးပါ.... နောက်ထပ်တွေ့မယ်လေနော်... "
ယွီဝေ့မှာ ပါးစပ်အဟောင်းသားကလေး။ ရိပေါ်အမူအရာအရ လုံးဝစိတ်ဆိုးပုံပေါ်မနေ...။ ကြည့်ရတာ ရိပေါ်က အစ်မလီကို ရှောင်းမိသားစုဝင်ထဲကလို့ပဲထင်ပြီး စနောက်နေတယ် ထင်သွားပုံပါပဲ...။ ယွီဝေကတော့ ရှောင်းကျန့်ကို ပြန်ရောက်တာနဲ့ပြောပြဖို့တွေးလိုက်တယ်။ မြို့တော်က ရှောင်းမိသားစုကို မကြည်ဖြူသူတွေထဲမှာ လီအိမ်က ထိပ်ဆုံးက မဟုတ်ပါလား...။
_______________________________________
"ရိပေါ်... အသည်းဦးကလေး.. ပြန်လာတာစောလှချည်လား..အိုး... ဘယ်လိုဖြစ်လို့လဲ ကိုကို့ကို လွမ်းလို့လား ဟင်..."