ရိပေါ်ကလူဆိုး

2.9K 285 23
                                    


ပြတင်းပေါက်ဘောင်ကို မေးထောက်လို့ ရိပေါ်က ခြံအဝင်ကို ငေးတယ်။ မျှော်နေတဲ့သူ ဝင်လာတော့မလားရယ်လို့...။ ဘာမှ ထွေထွေထူးထူး တစ်ခွန်းမပြောပဲ ကိုကိုက မမကိုဖုန်းဆက်ခေါ်လို့ ရိပေါ်ကို လာကြိုစေတယ်။ မမရောက်လာပြီး ရိပေါ်ကို ခေါ်သွားတော့လည်း ကိုကိုက လှည့်တောင်မကြည့်...။ ရိပေါ်က နည်းနည်းတော့ ဝမ်းနည်းတယ်။ ကိုကိုက အနည်းဆုံးတော့ ရိပေါ်ကို နှုတ်ဆက်လိုက်ရမှာပေါ့...။ ဒါတွေက ရိပေါ်ဆိုးသွမ်းပြီး ကိုကို့ကို အကြောင်းပြချက်မရှိ ထားခဲ့လို့ဆိုတာလဲ သိပါတယ်။

"ခုမှ မျှော်နေတော့ရော အိပေါ်လေးရဲ့ ကိုကိုက လာပြန်ခေါ်ရောလား... အစတည်းက ဘာလို့ဆိုးသလဲဟင်... မမ မပြောဘူးလား ကိုကို့ကို အများကြီး ချစ်ပေးပါလို့ ဟင်...."

"မမ မသိပါဘူး... သား ဖြစ်ချင်တာ သားပဲ သိတယ်...."

"ကဲ ပြောပါဦး အိပေါ် ဘာဖြစ်ချင်နေတာတုန်း"

ရိပေါ်မျက်နှာကလေးက တည်ကျသွားရတယ်။ မြို့တော်စျေးမှာ ရိပေါ်ထံက ကိုကို့ကို လုယူမယ်လို့ ပြောသွားတဲ့ အမျိုးသမီးရဲ့ ရုပ်ရည်က မျက်စိထဲကမထွက်...။ ရိပေါ်က ဒီအမျိုးသမီးကို မြို့တော်မှာ အရိပ်တောင် နင်းစရာမရှိအောင် ဖျက်ဆီးစေချင်တယ်။တစစီပျက်စီးဆုံးရှုံးသွားတာကို မြင်ချင်တယ်။ ဒါက ကိုကိုနဲ့ ပတ်သတ်လာရင် ဆိုးဝါးသွားတဲ့ ရိပေါ်ရဲ့ မကောင်းတဲ့စိတ်ကလေးပဲဖြစ်တယ်။ ဒါပေမယ့်လည်း ရိပေါ်က တစ်ဖက်မှာလဲ ကိုကို့ကို ရိပေါ်စိတ်တိုင်းကျ သူများကို ဖျက်ဆီးပစ်လိုက်ဖို့ ပူဆာတာမျိုး မလုပ်ချင်ပြန်ပါဘူး။ ရိပေါ်ကြောင့်...တစ်စုံတစ်ယောက်ထိခိုက်ပျက်စီးမှာကို မလိုလားဘူး...။ ဒါကြောင့် ကိုကို့ကို မြင်ရင် ကိုကို့လက်မောင်းကို တွယ်ချိတ်လို့ တိုင်တောပစ်လိုက်ချင်တဲ့ စိတ်ကို မြိုချထားလို့ အိမ်တော်ကို ပြန်ရောက်လာတာဖြစ်တယ်။ ရိပေါ်မပူဆာသည့်တိုင်အောင် ကိုကိုက တကယ်ကို ဒီအမျိုးသမီးကို မှတ်သားသွားရအောင် လုပ်ပေးလိုက်မယ်ဆိုတာ ရိပေါ်က သိပြီးသားပါ။

"ကဲ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ခုလိုတစ်ယောက်တည်းထွက်လာရတော့ ကိုကို့ကို အိပေါ်လေးက မလွမ်းဘူးလား...."

Sincerely yoursWhere stories live. Discover now