part-2

97 6 0
                                    

Unicode

"ဟရောင်......လာမညစ်နဲ့.......ငါနိုင်တာကွ..."

"ဘာတုန်း.....ကိုကြီးနော်အကြီးဆိုပြီးလျော့ပေးမယ်မကြံနဲ့.....လုံးဝပဲ......."

"ဘာကွ....မင်းပဲဆယ်လုံးဂိမ်းဆို....."

"ဟုတ်တယ်လေ.....ဒါပေမဲ့သားအရင်ဆယ်လုံးပြည့်တာလေ.....
မရဘူးရှုံးတာကရှုံးတာပဲထုတ်လိုက်...
ဘယ်မလဲတစ်ရာ....."

"ငါအခုပါမလာဘူး....မနက်ကျမှလာယူ....."

"ဟာ......အဲ့လိုရမလားလို့.....
ကလေးနဲ့ဇယ်ပြိုင်တောက်တာတောင်ရှုံးပြီးတော့.....လာမညစ်နဲ့...."

"ငါတကယ်ပါမလာလို့ပါကွာ......ပါလာတဲ့ဟာအကုန်မင်းကိုပေးပြီးပြီလေ.......မနက်ကျရင်အမေ့ဆီကတောင်းပေးမယ်ကွာ......"

"ဟွန့်......ပြီးတာပဲ...."

"ဘယ်နှနာရီတီးပြီလဲဟျောင့်.....
ငါဧည့်သည်သွားကြိုရအုံးမှာကွ.....လမ်းမှာမင်းနဲ့တွေ့လို့ပွဲကောင်းနေတာနဲ့ငါမေ့တော့မလို့...."

"ငါးနာရီတီးပြီကိုကြီးစစ်နိုင်......"

"ဟိုက်.....သေပြီဆရာ........
ငါသွားပြီဟျောင့်...နောက်ကျနေပြီ......."

လှည်းကိုချက်ချင်းဒေါက်ဖြုတ်
နွားတပ်ကာချက်ချင်းဒုန်းစိုင်းဆင်းရသည်
ဧည့်သည်ရှိမှရှိနေပါ့မလားပဲ
မတွေ့ရင်ဒုက္ခ

သည်လိုနှင့်တာဆုံသို့ရောက်သော်မှောင်ရီပျိုးနေလေပြီ
လူတစ်ဉီးတစ်ယောက်မှမရှိအရာရာဟာတိတ်ဆိတ်လျက်
.ပုစဉ်းရင်သွဲသံတွေပင်ကြားနေရပြီ

"အဲ့တာမှဒုက္ခပဲ........
ငါက​ေတာ့လုပ်လိုက်ရင်တလွဲတွေချည်းပဲ.....
....အရီးလေးမြတော့စိတ်ဆိုးနေတော့မယ်...."

သည်လိုနှင့်လှည်းကိုနောက်ကြောင်းပြန်လှည့်ကာ
လမ်းတွင်တွေ့သမျှလူတိုင်းကိုမျက်လုံးရှင်ရှင်နှင့်လိုက်ကြည့်ရသည်

ဧည့်သည်လေးသွားကြိုခိုင်းတာတောင်အဖြစ်မရှိရင်
အမေကငါ့ကိုဆူတော့မှာ

သည်လိုနှင့်ရွာရောက်သည်အထိမည်သူတစ်ဉီးတစ်ယောက်မျှမတွေ့ခဲ့ပါ

မထူးဘူးဇာတ်ခင်းကာအရီးလေးမြကိုအခြေအနေသွားပြောရန်အရီးလေးတို့ခြံထဲသို့လှည်းကိုချိုးဝင်လိုက်သည်

fan(ကျ​ေနာ့်ပန်ကာလေး)Where stories live. Discover now