Unicode
ထိုရန်ဖြစ်ပြီးသည့်နေ့မှစ၍ထိုကလေးကိုမတွေ့မိတော့ပေ
ကျနော်လဲမကြာခင်မြို့ပေါ်မှာသွားနေရတော့မည်
ယခင်ကတနေ့ကိုဖုန်းငါးခါထက်မနဲဝင်နေကျphone contact လေးကတိတ်ဆိတ်နေတာကြာပြီဖြစ်သည်
နေရာတကာသူ့ပဲမြင်ယောင်နေသည်
သွားတိုက်ဆေးနဲ့မှတိုက်တတ်သောကျနော့်ကို
မြို့စျေးအထိသွားပြီးသွားတိုက်ဆေးဝယ်ပေးသောအမွှေစိန်လေးကိုလွမ်းသည်ထမင်းစားခါနီးတိုင်းဟင်းကိုကျနော့်ပန်းကန်ထဲသို့ဉီးချပြီးမှစားတတ်သောငဂျစ်လေးကိုသတိရသည်
ညတိုင်းကျနော့်အိပ်ယာကိုအရင်ခင်းပြီးမှသူ့အိမ်သူပြန်လေ့ရှိသောလူတတ်လေးကိုလွမ်းသည်
အစပ်အများကြီးစားသဖြင့်စိတ်ဆိုးနှုတ်ခမ်းထော်ကာ
မျက်မှောင်ကျုံ့လျက်လက်ညိုးငေါက်ထိုးပြီးငရုပ်သီးစားခြင်း၏ဆိုးကျိုးများကိုပလုံစီအောင်ပြောပြတတ်သောငဂျစ်လေးကိုသတိရသည်တနေ့တမျိုးမရိုးရအောင်ရွာပတ်မွှေနေသောပြသနာများနှင့်ငမွှေထိုးကိုလွမ်းသည်
ဘယ်သွားသွားစိတ်မချဘူးဆိုသည့်ဆင်ခြေကို
အသုံးချကာကြောင်ပေါက်စလေးသခင်နောက်ကိုတကောက်ကောက်လိုက်သလို
ဆိုင်ကယ်တစ်စီးနှင့်လိုက်လာတတ်သော
ရစ်စိန်လေးကိုသတိရသည်မနက်တိုင်းကျနော့်အတွက်သူကိုယ်တိုင်ကြိုထားသောခပ်ဆိမ့်ဆိမ့်နွားနို့တစ်ခွက်က
မီးဖိုချောင်ထဲကဇကာအောက်မှာရောက်နေပြီးသားငါ့ရဲ့နေ့စဉ်ရှင်သန်နေတဲ့ဘဝကိုကမောက်ကမတွေဖြစ်ကုန်ပြီ
ငါနေသားမကျတော့ဘူးငမွှေထိုးလေးရဲ့မင်းကိုမကြင်ရက်လို့နှင်ပြီးကာမှ
ကိုယ့်ခံစားချက်ကိုယ်မထိန်းချုပ်နိုင်တော့ဘူးထင်ပါရဲ့
ဒီညနေတော့ငရစ်လေးကိုလိုက်ချောင်းဉီးမှပါဘယ်ချောင်မှာဘာတွေလုပ်နေတာလဲ
မင်းကောအဆင်ပြေရဲ့လားလို့.
.
.
.
.
ထိုနေ့ညနေတွင်"အရီးလေးလှမြင့်ရေ......ဗျို့အရီးလေးရေ"
YOU ARE READING
fan(ကျေနာ့်ပန်ကာလေး)
Fantasíaအချစ်မှာမျက်စိမရှိဘူးအကို အသက်ကြီးသည်ဖြစ်ငယ်သည်ဖြစ်စေ ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ အကိုဆိုတဲ့ဖြစ်တည်မှုလေးကိုပဲကျနော်က ချစ်မြတ်နိုးချင်တာ #💜Purple💜