part-1

544 13 2
                                    

Unicode

နွေလေရူးတို့တိုက်ခတ်လေ့ရှိသည့်ပူပြင်းသည့်အချိန်ကိုရောက်လေတိုင်း.....
ကျနော်အိမ်ကိုသာလွမ်းမိတော့သည်.....

ဒီအချိန်ဆိုရင်ဖြင့်အမေ့ယာခင်းတွေမှာဘယ်အသီးအနှံတွေစိုက်နေလောက်ပြီလဲ....

အရင်လိုပဲအငယ်မနဲ့ရန်ဖြစ်ပြီးခရမ်းချဉ်သီးနဲ့သခွားသီးကိုလုစိုက်နေကြမလား......
အရမ်းသိချင်သည်...

...အဖေကော...
နေမှကောင်းရဲ့လားပဲ....

....ကျန်းမာရေးချူချာတဲ့အဖေဟာဘယ်သောအခါမှနေမကောင်းတာကိုဆင်ခြေပေးပြီးလယ်ထဲသို့တစ်ရက်မပျက်ဖူးပါ....

ဝါးခမောက်အစုတ်ကိုသာခင်ခင်တွယ်တွယ်ဆောင်းပြီးနေပူမရှောင်မိုးရွာမရှောင်လယ်ထဲဆင်းလေ့ရှိသည်....

ဆေးသောက်ရမည်ကို....အရမ်းကြောက်သည်...

မနဲချော့မော့ကာစိတ်ရှည်ရှည်နဲ့ဆေးတိုက်သည့်အမေ့အသံကလေးတောင်လွမ်းသွားသယောင်...

ကျနော်တို့ရွာကလေးသည်မြို့အစွန်အဖျားနားတွင်တည်ရှိသဖြင့်သိပ်မဖွံဖြိုးသေးပေ...

လျှပ်စစ်မီးမရှိသောကျနော်တို့ရွာသည်ရေနံဆီကိုသာ
ယခုအထိတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြဆဲပင်ဖြစ်သည်...

တစ်ရွာလုံးလယ်စိုက်ကောက်နုတ်ပဲနုတ်စသည့်တောင်သူလယ်သမားအလုပ်ကိုသာလုပ်ကြသည်

ငွေကြေးချမ်းသာသူကတစ်ရွာလုံးတွင်နှစ်အိမ်မျှသာရှိသည်

ပညာရေးကိုဆုံးခန်းတိုင်အောင်တက်သည့်သူမရှိသလောက်ပင်

အလယ်တန်းသာအောင်ရုံတက်ပြီးမိရိုးဖလာအလုပ်ဖြစ်သည့်လယ်ယာလုပ်ငန်းသို့ဝင်ကြသူကများသည်

ကျနော်တို့ရွာတွင်မူလတန်းကျောင်းပင်မရှိပါချေ
ငါးရွာကျော်လောက်ရှိမူလတန်းကျောင်းတွင်သာစုတက်ရသည်

အလယ်တန်းထိသာရှိသဖြင့်အထက်တန်းတက်လိုလျှင်မြို့ပေါ်သို့တက်ရသည်

ကုန်ကျစရိတ်များသဖြင့်အများစုကအလယ်တန်းအထိသာတက်ကြသည်

fan(ကျ​ေနာ့်ပန်ကာလေး)Where stories live. Discover now