Unicode
"ဟျောင့်....ငမွှေထိုး.....မင်းအပြစ်မင်းသိလား..."
".....သိပါတယ်....."
"...အေးသိမှပဲမင်းလဲ....ဘာကိစ္စသူများခြံထဲကအသီးကိုသွားခူးတာလဲ.....
မင်းခြံထဲမှာလဲရှိရဲ့သားနဲ့...""....အဘကဘာသိလို့လည်း.....
အရီးလေးပုတို့အိမ်ကသရက်သီးကပိုကောင်းလို့ပေါ့....နို့မို့သွားတောင်ခိုးခူးမနေဘူး....
ဟွန့်....သရက်သီးလေးတစ်တွဲကိုဖြစ်ပျက်နေလိုက်တာ....အဲ့တာမို့လို့အပျိုကြီးဖြစ်နေတာနေမှာ....""....ဘာ.....ဟဲ့အဲ့အပျိုကြီးဆိုတာကြီးကိုဆွဲမထည့်နဲ့....
သူကြီးရယ်ပြောပါအုံး....အဲ့ငမွှေထိုးကလေအမြဲအဲ့လိုပဲ....."".....မင်းဟာလေ....ပြောလေကဲလေ....
ဟိုကောင်ကျော်ကြီး...ဒီသုံးကောင်ကိုထိပ်တုံးခပ်ထားလိုက်တော့....ဒီလောက်ကဲလှတဲ့ဟာတွေ..."".....ဟို....အဘ....
ကိုစစ်အစားကျနော်တောင်းပန်ပါတယ်....
သူကကလေးမို့လုပ်ချင်တာလုပ်နေတာပါ
.....ဒီဘက်ကအရီးလေးပုကိုလဲကျနော်သူ့ကိုယ်စားတောင်းပန်ပါတယ်နော်....."".....သားကဘယ်သူလဲကွယ့်...မြင်ဖူးသလိုလိုတော့ရှိသား....."
".....မြငယ်ရဲ့သားလေ.....မြို့မှာကျောင်းသွားတက်တာလေ....ငမွှေထိုးတို့အဆောင်မှာနေပြီးတော့..."
"....အော်...မှတ်မိပြီ....
သားရယ်ချောလာလိုက်တာ.....မြငယ်နဲ့တူလို့ချောတာအေ့....""....ဟုတ်ကဲ့ပါအရီးလေး....ကျေးစူးပါ....အဲ့တာဆို...ကိုစစ်ကို...."
"....အဟမ်း.....
ခွင့်လွှတ်ပေးချင်နေတာမဟုတ်ဘူးနော်....
ဒီကဧည့်သည်မျက်နှာထောက်နေလို့သက်သာသွားတယ်မှတ်ပါ......သားလဲလမ်းကြုံရင်ဝင်ခဲ့ပါအုံး..."."..ဟုတ်ကဲ့အရီးလေး....ကျေးစူးပါ....
...လာသွားစို့...."ဟွန့်အဘွားကြီး
အလှလေးပြောတော့တစ်ခွန်းပဲ
မျက်နှာလိုမျက်နှာရတအားလုပ်
စိတ်ပျက်စရာကြီး
နောက်နေ့ကျမှသရက်သီးနောက်တတွဲသွားခူးအုံးမယ်စိတ်ထဲကမကျေနပ်သံတွေဟာပလုံစီလျက်
.
.
.
.
.
"ဟျောင့်ကိုစစ်မင်းကဟုတ်လှချည်လား.....
ဆိုင်ကယ်တွေဘာတွေသန့်ရှင်းရေးလုပ်လို့ပါလား...
...အမယ်စတေကာတောင်ကပ်ထားသေးတယ်...."
YOU ARE READING
fan(ကျေနာ့်ပန်ကာလေး)
Fantasyအချစ်မှာမျက်စိမရှိဘူးအကို အသက်ကြီးသည်ဖြစ်ငယ်သည်ဖြစ်စေ ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ အကိုဆိုတဲ့ဖြစ်တည်မှုလေးကိုပဲကျနော်က ချစ်မြတ်နိုးချင်တာ #💜Purple💜