part_3

62 6 0
                                    

Unicode

မနက်ငါးနာရီဆိုတာနဲ့ဘယ်လိုမှဆက်ပြီးအိပ်လို့မရတော့

အကျင့်ပါနေသောမျက်လုံးများကသစ္စာစောင့်သိစွာနိုးကြားနေကြသည်

ဘေးနားကအသက်ရှုသံမျဉ်းမျဉ်းလေးကိုနားထောင်ပြီးဆက်အိပ်ချင်သေးသော်လည်းအလုပ်တွေကရှိနေသေးသည်

အဖိုးထားခဲ့တဲ့စည်းစိမ်တွေနှင့်အသာလေးနှပ်နေလို့ရပေသည့်
အလုပ်မလုပ်ရမနေနိုင်သောကိုယ်ကိုယ်တိုင်ကြောင့်
ထရပေတော့မည်

အလှလေးကတော့ပကတိငြိမ်သက်စွာအိပ်စက်လျက်သာ

စောင်ပါးလေးကိုသေချာပြန်ခြုံပေးလိုက်ပြီးအခန်းထဲကခြေသံကိုဖွဖွနင်းကာနောက်ထေးသို့ထွက်လာခဲ့သည်

မီးဖိုထဲကဆားအိုးထဲမှဆားနဲနဲနှိုက်၍သွားတိုက်လိုက်သည်

မျက်နှာသစ်ပြီးနောက်အိမ်ရှိရာသို့သွားရတော့သည်
အဘမိုးနွားဖြုတ်နေတာကိုတွေ့လေတော့မထူးဘူးဆိုကာအဘမိုးနွားတွေပါဆွဲကာအိမ်သို့လာခဲ့လိုက်သည်

နွားတင်းကုပ်ထဲကနွားတွေကိုဖြုတ်ကာနွားနေလှန်းရန်ကွင်းထဲသို့ဆင်းရတော့သည်

နွားတွေကိုတနေရာစီငုတ်ရိုက်ထားခဲ့ပြီးနောက်မှအိမ်သို့ပြန်ပြေးရပြန်သည်

မာတာမိခင်ကအခုထိပြန်မရောက်သေးရင်ဒုက္ခ
လမ်းမှာတရင်းအိမ်သိုမြန်မြန်သာပြန်လာခဲ့တော့သည်

အိမ်တံခါးပွင့်နေပြီးမီးဖိုချောင်ဘက်ကအသံကြားသည်
သေချာသွားပြီအမေပြန်ရောက်နေပြီ

"အမေရေ.......ဗျိုး....အမေ့......"

"ဘာတုန်းတော်......မနက်ကထဲက...တကထဲအော်နေတာပဲ.....ဘာလုပ်မို့တုန်း....."

"....အမေကလဲဗျာ...သားကထမင်းအိုးတည်ရတော့မလားမေးတာကို......."

"အဲ့တာများအထူးအဆန်းလုပ်လို့.....ခါတိုင်းလဲနင်ပဲတည်နေတာပဲကို...အပိုစကားတွေတအားပြောတာပဲ......လာတည်လာ......"

"ဟုတ်...လာပြီ...."

"နွားတွေမင်းဆွဲသွားတာလား......"

fan(ကျ​ေနာ့်ပန်ကာလေး)Where stories live. Discover now