''3''

15.6K 1.7K 22
                                    

ရှောင်ကျန့်က စာသင်ခန်းထဲမှာတွေ့လိုက်ရတဲ့လူကြောင့် မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ ယွီချောင်ဖုန်း!! ဒီလူက ဘယ်အချိန်ကပြန်ရောက်လာတာလဲ? ။ အမေရိကမှာပဲရှိနေရမှာမဟုတ်ဘူးလား? ။ ဘာလို့ဒီနိုင်ငံကိုပြန်ရောက်လာတာလဲ? ။ ယွီချောင်းဖုန်းရဲ့အကြည့်တွေက သူ့ဘေးကဝမ်ရီပေါ်စီကိုကျရောက်နေတယ် ။

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ခါးတွေကိုတင်းနေအောင်ဖက်ပြီး နှုတ်ခမ်းတွေကိုအငမ်းမရနမ်းပစ်လိုက်တယ် ။ ဝမ်ရီပေါ်က သူ့အပိုင် ။ ယွီချောင်ဖုန်းက မျက်နှာအကြီးအကျယ်ပျက်သွားတယ် ။ ရှောင်ကျန့်က အလွန်ကျေနပ်အားရနေတယ် ။ ယွီချောင်ဖုန်းဆိုတဲ့ကောင်က သူရဲ့ရန်သူတော်ကြီး ။ ငယ်ငယ်လေးတည်းက သူ့ကိုလိုက်ပြိုင်ပြီး မနာလိုဝန်တိုနေတဲ့လူ ။

အဟက်! စိတ်မကောင်းစရာပဲ ။ ယွီချောင်ဖုန်းက ရှောင်ကျန့်ဆိုတဲ့သူ့ကို ဘယ်တော့မှနိုင်မှာမဟုတ်ဘူး ။ သူက Dominant Alphaတစ်ယောက် ။ အဲ့ဒီကောင်က သူ့ထက်တစ်ဆင့်နိမ့်တဲ့ Pure Alpha ။ အဲ့ဒီမှာတည်းက သူ့ကိုအပြတ်အသတ်ရှုံးနေပြီ ။ ရာရာစစသူ့လူကို လာငေးရဲတယ်ပေါ့ ။ ဝမ်ရီပေါ်ဆိုတာက ရှောင်ကျန့်ရဲအပိုင်ပဲ ။

ဝမ်ရီပေါ်က ဘာဖြစ်လို့ဖြစ်သွားမှန်းပင်မသိလိုက် ။ ရှောင်ကျန့်က သူ့ကိုအငမ်းမရနမ်းနေတာပဲသိတယ် ။ စာသင်ခန်းထဲကလူတွေက သူတို့နှစ်ယောက်ကိုကြည့်ပြီး အော်ဟစ်အားပေးနေကြတယ် ။ ဝမ်ရီပေါ်ရဲ့နှုတ်ခမ်းထောင့်လေးက အပေါ်ကိုကွေးတက်သွားတယ် ။ ရှောင်ကျန့်ဘာလုပ်ချင်မှန်းသူမသိပေမဲ့ ငြိမ်ခံနေမှာတော့မဟုတ်ဘူး ။ သူ့ကို ကစားလို့ရမယ်များထင်နေတာလား ? ။

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ကိုယ်လေးကို နံရံနဲ့ဖိကပ်လို့ အနမ်းတွေကိုပြန်တုန့်ပြန်လိုက်တယ် ။ ရှောင်ကျန့်က မျက်လုံးတွေပြူးကျယ်ကုန်တယ် ။ ဝမ်ရီပေါ်က အရမ်းအားသန်တာပဲ ။

" အာ့! ရီပေါ် ''

ရှောင်ကျန့်က ရဲတင်းလွန်းတဲ့ဝမ်ရီပေါ်ရဲ့အပြုအမူတွေကြောင့် စိတ်မသက်မသာဖြစ်လာတယ် ။ သူတုန်းကလည်းဒီလိုဆိုပေမဲ့ ခံရတဲ့လူကသူမဟုတ်ဘူးလေ ။ ရှောင်ကျန့်က အုံပြီးကြည့်နေကြတဲ့လူတွေကြောင့် မနေတက်တော့ ။ အဲ့ဒီလူတွေက သူ့ကိုအားပေးရမဲ့အစား ဝမ်ရီပေါ်ကိုအားပေးနေတယ် ။ အဓိပ္ပါယ်မရှိလိုက်တာ! ဝမ်ရီပေါ်က ဘီတာတစ်ယောက်ဆိုတာကိုမသိကြဘူးလား ။

Don't Touch Me I'm Alpha !!! [ Completed ]Where stories live. Discover now