ရှောင်ကျန့်က ဝမ်ရီပေါ်ကို ကျောင်းနောက်ဘက်ကအဆောင်ကိုခေါ်လာခဲ့တယ် ။ အဲ့ဒီအဆောင်ကလူလာနည်းတဲ့အတွက် သူ့အတွက်အလွန်အဆင်ပြေတယ် ။ ဝမ်ရီပေါ်ကလည်းမကြောက်မရွံ့နဲ့ သူ့နောက်ကနေလိုက်လာတယ် ။ အဲ့ဒီနောက်မှာတော့ရှောင်ကျန့်က အခန်းပျက်ကြီးတစ်ခုထဲဝင်ကာ အခန်းတံခါးကိုပိတ်ပစ်လိုက်တယ် ။ ဝမ်ရီပေါ်က မျက်ခုံးတစ်ချက်ပင့်သွားတာကလွဲလို့ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ် ။
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့အနားကိုသွားကာ နံရံနဲ့ဖိကပ်ထားပစ်လိုက်တယ် ။ သူက ဝမ်ရီပေါ်ကိုဒီလိုမလုပ်ချင်ပေမဲ့ ယွီချောင်ဖုန်းဆိုတဲ့အကောင်ကြောင့် လုပ်မှဖြစ်တော့မယ် ။ အဲဒီကောင်က ဝမ်ရီပေါ်ကို လိုက်ကပ်နေတယ်မဟုတ်ပါလား ။ သူရဲ့အရင်ရည်စားတွေလို ဝမ်ရီပေါ်ကိုလုပ်ပစ်လိုက်ရင်ဘယ်လိုလုပ်မလဲ ။ ဒါမျိုးတော့လုံးဝလက်မခံနိုင်ဘူး ။ ဝမ်ရီပေါ်က သူ့အတွက်ပဲဖြစ်ရမယ် ။
" ကိုယ် မင်းကို ဘာလို့ဒီကိုခေါ်လာတာလဲဆိုတာ ရိပ်မိတယ်မလား ? "
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ပွတ်သတ်ပြီးဆိုလိုက်တယ် ။ ဝမ်ရီပေါ်က အဲ့ဒီလက်ချောင်းတွေကို လျှာနဲ့လျက်လို့ခေါင်းငြိမ့်ပြလိုက်တယ် ။ ရှောင်ကျန့်ကတစ်မျိုးဖြစ်သွားပေမဲ့ ရပ်တန့်ဖို့ကိုတော့လုံးဝမစဉ်းစား ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ခါးတွေကိုဆွဲယူလို့ နှုတ်ခမ်းတွေကို အငမ်းမရနမ်းရှိုက်လာတယ် ။ အဲ့ဒီနောက် ရှောင်ကျန့်ကိုတွန်းလှဲကာ အပေါ်ကနေတက်ဖိထားတယ် ။
" ကျွန်တော် ခင်များကိုစဉ်းစားပေးမယ် ။ ခင်များက ကျွန်တော်အကြိုက်မဟုတ်ပေမဲ့လည်းပေါ့ ''
" အဟက်! ကိုယ်တို့လုပ်ပြီးသွားရင် မင်း ကိုယ့်ကိုသေချာပေါက်ကြိုက်သွားစေရမယ် ။ မင်း ကိုယ့်ကို သေချာပေါက်စွဲလမ်းသွားပြီး ကိုယ်မှကိုယ်ဖြစ်စေရမယ် ''
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့နားဖျားတွေကိုကိုက်ဆွဲပြီး ရယ်မောကာဆိုလိုက်တယ် ။ ဒါပေမဲ့သူရဲ့ရယ်မောသံတွေက သူရဲတင်ပါးတွေကိုဖျစ်ညစ်လာတဲ့ ဝမ်ရီပေါ်ရဲ့လက်တွေကြောင့် တိကနည်းရပ်တန့်သွားတယ် ။ ဝမ်ရီပေါ်ဘာလုပ်ချင်နေလဲဆိုတာ သူသိတယ် ။ ဒါပေမဲ့သူဘက်ကတော့ အလျော့ပေးမှာမဟုတ်ဘူး ။ ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့လက်တွေကိုဆုပ်ကိုင်လို့....
KAMU SEDANG MEMBACA
Don't Touch Me I'm Alpha !!! [ Completed ]
Fiksi PenggemarStart Date - 7 Oct 2021 End Date - 1 Nov 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]