''10''

18.4K 1.7K 47
                                    

ဝမ်ရီပေါ်က ရှောင်ကျန့်ကို သူ့ရဲ့တိုက်ခန်းစီခေါ်လာခဲ့တယ် ။ ရှောင်ကျန့်ကငြိမ်ငြိမ်မနေပဲ တစ်လမ်းလုံးအော်ဟစ်ရုန်းကန်လာတယ် ။ အဲတာကြောင့်မို့ ရှောင်ကျန့်ရဲ့တင်ပါးတွေကို ခပ်ကြမ်းကြမ်းရိုက်ကာ အပြစ်ပေးလိုက်တယ် ။ ရှောင်ကျန့်က သူတွေ့ဖူးတဲ့အယ်ဖာတွေနဲ့လုံးဝမတူဘူး ။ သူရဲ့အကိုကလည်း Dominant Aplha တစ်ယောက် ။ ဒါပေမဲ့ရှောင်ကျန့်နဲ့တစ်ခြားစီပဲ ။

ရှောင်ကျန့်က သူ့ကိုမြူစွယ်တုန်းကမြူစွယ်ပြီး အခုတော့ထွက်ပြေးချင်နေတယ်ပေါ့ ။ ဝမ်ရီပေါ်ဆိုတဲ့သူကို အဲ့ဒီလိုလာလုပ်လို့မရဘူး ။ ရှောင်ကျန့်ကို သူက သူရဲ့လက်တွဲဖော်အဖြစ်သတ်မှတ်ပြီးသွားပြီ ။ ဟုတ်တယ်!! သူ ရှောင်ကျန့်ကိုအပိုင်လိုချင်တယ် ။ ရှောင်ကျန့်ကို လက်ထပ်ချင်တယ် ။ ဒါကသူ့အတွက် ခက်ခဲမယ်ဆိုတာလည်းသိတယ် ။ ဒါပေမဲ့လက်လျော့မှာတော့ မဟုတ်ဘူး ။

ရှောင်ကျန့်က ​ရှောင်မျိုးနွယ်စုရဲ့ဆက်ခံသူတစ်ယောက် ။ သူကျော်ဖြတ်ရမဲ့အရာတွေ အများကြီးရှိသေးတယ် ။ ရှောင်ကျန်ရဲ့အဖေက သူ့ကို လွယ်လွယ်နဲ့လက်ခံပေးမှာမဟုတ်သလို သူရဲ့အဖေကလည်း ရှောင်ကျန့်နဲ့သဘောတူမှာမဟုတ်ဘူး ။ သူ့မှာ စေ့စပ်ထားတဲ့လူရှိပြီသား ။ ဒါပေမဲ့ကိစ္စမရှိဘူး ။ သူက သူရဲ့အကိုကို အဲ့ဒီတစ်ယောက်နဲ့မယူနိုင်ကြောင်း ​ပြောပြပြီးသွားပြီ ။ ပြီးတော့ ​ရှောင်ကျန့်ရဲ့အကြောင်းတွေရောပဲ ။

သူက ရှောင်မျိုးနွယ်စုရဲ့ဆက်ခံသူကို ဖျက်စီးလိုက်ပြီဖြစ်ကြောင်း ၊ အနာဂတ်မှာရှောင်ကျန့်ကလွဲပြီး ဘယ်သူမှလက်မထပ်ဘူးဆိုတဲ့အကြောင်းကို တစ်ခါတည်းပြောထားပြီးသား ။ ဒီအချိန်လောက်ဆိုရင် သူရဲ့အဖေလည်း ဒီကြောင်းတွေကို သိသွားလောက်ပြီပေါ့ ။ ရှောင်မျိုးနွယ်စုရဲ့ခေါင်းဆောင်ကိုတောင် သွားတွေ့ပြီးနေလောက်ပြီ ။ ဝမ်ရီပေါ်က ဒေါ်သထွက်နေမဲ့ သူအဖေရဲ့မျက်နှာကို ကြိုမြင်ယောင်ထားလိုက်တယ် ။

ရှောင်ကျန့်က သူ့ကိုသဘောကျမှန်းသူသိတယ် ။ ဒါပေမဲ့သူက Enigmaဖြစ်နေတဲ့အတွက် လက်ခံချင်ပုံမရ ။ ရှောင်ကျန့်က Dominant Alphaပီပီ သူ့ကိုချုပ်ကိုင်ချင်တယ် ။ သူကလည်း ရှောင်ကျန့်ကိုဖိနှိပ်ထားတာကို ပိုသဘောကျတယ် ။ တကယ်လို့သူသာ Enigmaမဟုတ်ပဲ ဘီတာဆိုရင်တော့ ရှောင်ကျန့်လုပ်သမျှလှိမ့်ခံနေရတော့မှာ ။ ဝမ်ရီပေါ်က Enigmaဖြစ်နေခြင်းအပေါ် ပထမဦးဆုံးအကြိမ်အဖြစ် ဂုဏ်ယူမိသွားတော့တယ် ။

Don't Touch Me I'm Alpha !!! [ Completed ]Where stories live. Discover now