''12''

16.1K 1.6K 51
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်နဲ့အတူ အဆောင်ကိုပြန်လာခဲ့တယ် ။ ဝမ်ရီပေါ်က သူရဲ့အခန်းဖော်အသစ်ကိုမောင်းထုတ်ပြီး ရှောင်ကျန့်ကိုအတင်းပြန်ခေါ်လာတယ် ။ အဆောင်မှူးဖြစ်တဲ့ ကျိုးလီဖုန်းကတော့ ပြန်ပြေလည်သွားကြတဲ့ ဝမ်ရီပေါ်နဲ့ရှောင်ကျန့်ကိုကြည့်ပြီး မျက်နှာမဲ့မိတယ် ။ အတွဲတွေဆို ဘယ်အတွဲမှမကောင်းဘူး ။ တစ်သက်လုံးလူပျိုကြီးပဲလုပ်တော့မယ် ။

ယွီချောင်ဖုန်းက ရှောင်ကျန့်ကို စိုက်ကြည့်နေမိတယ် ။ ရှောင်ကျန့်က အခန်းပြန်ပြောင်းတော့မယ် ။ ဒီသဘောကဝမ်ရီပေါ်ကို လက်ခံပေးလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ။ ရှောင်ကျန့်လိုမာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့အယ်ဖာက ဘာလို့ဒီလိုပြောင်းလဲသွားရတာလဲ? ။ ဝမ်ရီပေါ်ဆိုတဲ့လူကြောင့် ပြောင်းလဲသွားတာလား? ။ ယွီချောင်ဖုန်းက ရင်ဘတ်တွေတင်းကြပ်လာတယ် ။

" ရှောင်ကျန့် ဝမ်ရီပေါ်နဲ့မင်းက ဘာတွေလဲ? "

" သူ မင်းကိုပြောပြီးပြီမဟုတ်လား? ။ ငါတို့နှစ်ယောက်က တွဲနေကြပြီဆိုတဲ့အကြောင်းကိုလေ ။ ''

" ဒီတစ်ခါရော ဘယ်နှစ်ရက်လဲ? "

ရှောင်ကျန့်က ယွီချောင်ဖုန်းရဲ့စကားကြောင့် အလိုမကျဖြစ်သွားတယ် ။ ဒီကောင်က ဝမ်ရီပေါ်ကို သူ့စီကနေ လုယူဖို့တွေးနေတာလား? ။ ရှောင်ကျန့်ကဒေါ်သထွက်လာတဲ့အတွက် ဟော်မုန်းတွေကို ထုတ်လွှတ်မိသွားတယ် ။ ယွီချောင်ဖုန်းက ဟော်မုန်းနံ့တွေကြောင့် အသက်ရှူရခက်ခဲလာတယ် ။ ဒူးမထောက်မိအောင်လို့ စိတ်ကိုတင်းထားရတယ် ။

" ယွီချောင်ဖုန်း ငါ မင်းကိုနားလည်သွားအောင် ရှင်းရှင်းလေးပဲပြောလိုက်မယ် ။ ဝမ်ရီပေါ်က ငါ့ရဲ့အရင်ရည်စားတွေနဲ့မတူဘူး ။ ငါက သူ့ကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာ ။ အဲ့ဒါကြောင့် အရင်လူတွေလိုထိဖို့မစဉ်းစားနဲ့ ။ အဲ့ဒီအခါကျရင် ငါထောင်ကျမယ်ဆိုရင်တောင်မှ မင်းကိုသတ်ပစ်မယ် ။ ''

" ဝမ်ရီပေါ်က ကောင်းလား? "

" ဘာပြောတယ်!! "

" ဝမ်ရီပေါ်က ဘယ်လောက်တောင်ကောင်းလို့ မင်းကတန်းတန်းစွဲဖြစ်သွားတာလဲ? ငါလည်းတစ်ခါလောက်တော့ မြည်းကြည့်သင့်တာပေါ့ ။ အဟက်! အချင်းချင်းတွေပဲလေ... ''

Don't Touch Me I'm Alpha !!! [ Completed ]Where stories live. Discover now