''16''

16.3K 1.6K 33
                                    

ရှောင်ကျန့်က သိလိုက်ရတဲ့အမှန်တရားကြောင့် အလွန်ရှော့ရသွား​တော့တယ် ။ ယွီချောင်ဖုန်းက သူ့ကိုသဘောကျနေတာတဲ့လား? ။ သူ့ကိုသဘောကျလို့ သူ့ရဲ့အရင်ရည်စားတွေကို လုယူခဲ့တာတဲ့လား? ။ ဝမ်ရီပေါ်ကိုလည်း သူ့ကြောင့်ချည်းကပ်ခဲ့တာတဲ့လား? ။ ရှောင်ကျန့်က ဘာမှပင်မဆိုနိုင်တော့ချေ ။ ယွီချောင်ဖုန်းက ရှောင်ကျန့်ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်ချောင်းတွေနဲ့ထိကာ...

" ရှောင်ကျန့် မင်းသိလား? ငါ မင်းကိုဘယ်လောက်အထိသဘောကျလဲဆိုတာကို ။ ငါငယ်ငယ်လေးတည်းက မင်းကိုပဲကြည့်နေခဲ့တာ ။ မင်းကတော့ ငါ့ကိုမမြင်နိုင်ခဲ့ဘူး ။ မင်းက Dominant Alphaဆိုပြီး ငါ့ကိုအထင်သေးတယ် ။ ငါအရမ်းဒေါ်သထွက်ခဲ့တယ် ။ အဟက်! ဒါပေမဲ့အခုတော့ မင်းကဘာမှမလုပ်နိုင်တော့ဘူး ''

" ယွီချောင်ဖုန်း!! "

ရှောင်ကျန့်ကအံကြိတ်ကာ ရေရွတ်လိုက်တယ် ။ ယွီချောင်ဖုန်းက သဘောကျစွာရယ်လိုက်ပြီး ရှောင်ကျန့်ရဲ့လက်လေးနှစ်ဖက်ကို သူရဲ့နက်တိုင်နဲ့ချည်နှောင်ကာ ခေါင်းရင်းထက်မှာချုပ်ထားလိုက်တယ် ။ ရှောင်ကျန့်ကဒေါ်သထွက်ရလွန်းလို့ အသားတွေတောင်တုန်ရီလာတယ် ။

" ယွီချောင်ဖုန်း မင်းရူးနေပြီ!! မင်းလုံးဝကိုရူးနေပြီ!! "

" ဟုတ်တယ် ငါရူးနေပြီ ။ မင်းကြောင့်သွက်သွက်ခါအောင်ရူးနေပြီ ။ ရှောင်ကျန့် ငါ မင်းကိုချစ်တယ် ငါ မင်းကိုအရမ်းချစ်တယ် ။ ငါ့ကိုမတွန်းထုတ်ပါနဲ့ ''

" ခွေးကောင်!! ဖယ်စမ်း! ဖယ်လို့ပြောနေတယ် ! "

ရှောင်ကျန့်က အားနေတဲ့ခြေထောက်တွေနဲ့ ကန်ကျောက်လို့နေတယ် ။ ယွီချောင်ဖုန်းက ရှောင်ကျန့်ရဲ့ခြေထောက်တွေပေါ်တက်ဖိကာ ရင်ဘတ်ကအင်္ကျီကြယ်သီးတွေကို ဆွဲဖြုတ်ပစ်တယ် ။

" အား!! ငါ မင်းကိုသတ်မယ်! ငါ မင်းကိုအသတ်ပစ်မယ် ရွံစရာကောင်းတဲ့အကောင်ရဲ့!! "

ယွီချောင်ဖုန်းက ရှောင်ကျန့်ရဲ့စကားတွေကိုမကြားချင်ယောင်ဆောင်လို့ လည်ပင်းသားတွေကိုနမ်းရှိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပွတ်သတ်လို့နေတယ် ။ ရှောင်ကျန့်က အော်ဟစ်ဆဲဆိုကာရုန်းလို့နေတယ် ။ ယွီချောင်ဖုန်းက အေးစက်နေတဲ့မျက်ဝန်းတွေနဲ့ ရှောင်ကျန့်ကိုစိုက်ကြည့်ကာ သူရဲ့ဟော်မုန်းတွေကိုပိုထုတ်ပစ်တယ် ။ ရှောင်ကျန့်က အသက်ရှူကြပ်လာတဲ့အတွက် ရုန်းကန်မှုတွေရပ်တန့်သွားပြီး ချက်ခြင်းငြိမ်ကျသွားတယ် ။

Don't Touch Me I'm Alpha !!! [ Completed ]Donde viven las historias. Descúbrelo ahora