1

12.3K 636 75
                                    

ဆိုးလ်မြို့ရဲ့မြို့လယ်ခေါင်ဟာ ညဘက်ဆိုသော်ငြားလမ်းသွားလမ်းလာမပြတ်တာကြောင့် လူသံ၊ ကားသံတွေဆူညံလျက်ရှိတုန်းပဲ။

အအေးဓာတ်တွေ အရိုးထဲထိစိမ့်နေတဲ့ကြား အနွေးထည်မပါ လက်ရှည်အက်ျီတစ်ထည်နဲ့လမ်းမပေါ်ပြေးလွှားနေသောမိန်းကလေးမှာ ရာသီဥတုကို အံတုထားသည်။ သူမဦးတည်ရာက သူမအချိန်ပိုင်းလုပ်တဲ့ ကော်ဖီဆိုင်။

ချွင်

တံခါးဖွင့်လို့အသံထွက်လာတဲ့အခါ ဆိုင်ရှင်က
မကြည်ကြည့်နဲ့ ကြည့်လာတယ်။ သူမအလုပ်ချိန်ကို နာရီဝက်တောင်နောက်ကျမိလို့ပါ။

" အရှေ့လူနဲ့အချိန်ကွာဟလို့မရတာကို နင်ကနာရီဝက်တောင်နောက်ကျနေတာပဲ ပတ်ချယ်ယောင်း "

"တောင်းပန်ပါတယ်သူဋ္ဌေး ကျွန်မ နာရီဝက်နောက်ကျပြီးဆင်းပါ့မယ် ဒီနေ့တစ်ရက်ထဲပါ "

ဒေါသထွက်နေပုံရတဲ့သူဋ္ဌေးကို အကြိမ်ကြိမ်တောင်းပန်ရင်း သူမ ဆိုင်နောက်ထဲပြေးဝင်ကာ ယူနီဖောင်းလဲရတယ်။ ကိုယ့်ကျောင်းစားရိတ်ကိုယ့်ဟာကိုယ်ရှာနေသူမို့ သူမ ဒီအလုပ်ပြုတ်လို့မဖြစ်။ အချိန်ပိုင်းအလုပ်တွေဆက်နေအောင်လုပ်ရပြီး အခုလည်းအရှေ့အလုပ်အပြီး ဘတ်စ်ကားမရတာကြောင့်နောက်ကျရခြင်း။

အမြဲပင်ပန်းတကြီးပြေးလွှားရတဲ့သူမဟာ မိသားစုကံမကောင်းပါ။ သူမအလယ်တန်းနှစ်မှာ အဖေဖောက်ပြန်လို့ အမေကအဖေနဲ့ကွာရှင်းခဲ့သည်။ မိသားစုစီးပွားရေးအတွက် အမေကသာရုန်းကန်ခဲ့ပြီး အဖေကအခန့်သားနေရတဲ့ဘဝမှာ သစ္စာမစောင့်ထိန်းခဲ့။ တစ်ဦးတည်းသောသမီးမို့ သူမမှာတွယ်တာစရာဟူ၍လည်းမရှိ။

နောက်ဆုံးအဖေ့စိတ်နဲ့အမေဆုံးသွားပြီးနောက်မှာ အထက်တန်းတက်နေတဲ့သူမကို အမေ့ဘက်ကဆွေမျိုးတွေက ဝိုင်းစောင့်ရှောက်ပေးခဲ့သည်။ သဒ္ဓါလွန်းလို့မဟုတ်ပဲ မဖြစ်သာလို့စောင့်ရှောက်ရခြင်းတွေမှန်းသူမသိပါသည်။ အရိပ်အကဲကြည့်ရင်းနေခဲ့စားခဲ့ပြီးတဲ့နောက် သူမကပဲအလိုက်တသိထွက်လာခဲ့လိုက်သည်။ သူတို့ကလည်း လိုက်မခေါ်ကြပါ။

" ချယ်ယောင်း cappucino နှစ်ခွက်တဲ့ မြန်မြန်လေး ဖျော်လာခဲ့ပေးပါဦး "

She is a BLONDEWhere stories live. Discover now