6

4.3K 447 60
                                    

ဒီနေ့နားရက်မို့ ချယ်ယောင်း ခေါင်မိုးထပ်ဝရံတာက ပန်းပင်တစ်ချို့ကို ရေလောင်းဖြစ်သည်။ ခေါင်းထဲမှာတော့ မကြာခင်ဖြေရတော့မယ့် စာမေးပွဲအကြောင်းတွေးရင်း စာလုပ်ချိန်နှင့်အချိန်ပိုင်းအလုပ်တွေကိုညှိနေသည်။ ဒီစာမေးပွဲက နောက်ဆုံးပါပဲ။ ဒါပြီးရင် သူမက အချိန်ပိုင်းအလုပ်တွေလုပ်စရာမလိုတော့ဘဲ ရှေ့နေတစ်ယောက်ဖြစ်လာတော့မယ်။

ကိုယ့်အတွေးနဲ့ကိုယ်ရေလောင်းနေတုန်း စားပွဲပေါ်ကဖုန်းဆီ မက်ဆေ့ချ်ဝင်သံကြားတော့ ရေကယားကိုချရင်း အပြေးအလွှားကြည့်မိရတယ်။ ဒါပေမယ့် လုပ်ငန်းကြော်ငြာမက်ဆေ့ချ်မို့ ပြာယာခတ်မိတဲ့ကိုယ့်ကိုယ်ကိုယ် မလုံမလဲ။

အိုင်ရင်းပြောတဲ့ သဘောကျမိပြီးမှထိန်းချုပ်ထားရရင် ပင်ပန်းမယ်ဆိုတာ ဒါကိုဆိုလိုတာထင်ပါတယ်။ သိစိတ်ကငြင်းဆန်နေရက်နဲ့ မသိစိတ်က သူပို့လာမယ့်မက်ဆေ့ချ်ကို မျှော်တတ်နေပြီ။ စိတ်တွေက အနားရတာနဲ့ ပိုင်ရှင်လို သူ့ဆီပဲပြေးလွှားသွားရင်း အာရုံထဲလဲ သူ့မျက်နှာကတဝဲလည်လည်။ တစ်ယောက်ယောက်ကိုသဘောကျရတာ ဒီလိုခံစားချက်မျိုးလားနော်။

သူမကဒီလိုတွေခံစားလာရပြီဆိုကာမှ လာလီဆာက လုံးဝပေါ်မလာဘဲ တမင်ပစ်ထားသလားမသိ။ သူ့ကိုသဘောကျမိမှ အဖေမကောင်းမှန်းသိရက်နဲ့ အမေစိတ်မပြတ်သားနိုင်ခဲ့တာကို နားလည်လာသလိုရှိတယ်။ သူ့ပုံစံက အဖေ့လိုစရိုက်မျိုးမို့ စိုးရိမ်နေတာကတစ်ဝက် ကိုယ့််အပေါ်တော့ သူကောင်းပေးမှာပါလို့ မျှော်လင့်ချင်နေတာကတစ်ဝက် .. တစ်သက်လုံးအေးချမ်းအောင်နေရင်း ဘယ်သူ့အပေါ်မှ မျှော်လင့်ချက်မထားခဲ့သမျှ သူ့ကိုတော့ မျှော်လင့်ချင်တယ်။ ချယ်ယောင်းလိုပဲ သူလည်းစိတ်ရင်းနဲ့သဘောကျပေးရင် သိပ်ကောင်းမယ်။

🥀

မနက်စောစော ယောင်းရဲ့တိုက်အောက်ကို လီဆာရောက်နေပြီ။ စီးနေကျမဟုတ်ဘဲ ကားလဲစီးလာလို့ သူ့ကိုယောင်းသတိထားမိမှာမဟုတ်။

စိတ်ဆိုးသွားတဲ့နေ့ကတည်းက အရင်လိုသိသိသာသာမျက်နှာမပြရဲလို့ တကူးတကလာချောင်းကြည့်ရတာပါ။ သူစိတ်မချဘူးလေ။ ယောင်းကသန်မာပြီး ရင့်ကျက်နေပြီးသားမိန်းကလေးမှန်းသိပေမယ့် သူကတော့ပူပန်တာပဲ။ မျက်ကွယ်မှာတစ်ခုခုဖြစ်သွားမှာလည်းပူပြီး သူမဟုတ်တဲ့တစ်ယောက်ယောက်နဲ့ငြိသွားမှာလည်းပူတယ်။

She is a BLONDEWhere stories live. Discover now