ဒီရက်ပိုင်း လီဆာစိတ်ခံစားချက် ကောင်းမွန်နေသည်။ အကြောင်းရင်းကတော့ သေချာပေါက်ယောင်းပေါ့။ ယောင်းကသူ့ကိုအရင်ကထပ်စာရင် နည်းနည်းလက်ခံပေးလာတယ်လေ။
ယောင်းအချိန်ပိုင်းအလုပ်လုပ်တဲ့ကော်ဖီဆိုင်ကိုသွားတဲ့အခါ ဧည့်သည်အကျနည်းရင် သူ ယောင်းနဲ့စကားပြောခွင့်ရတယ်။ ဧည့်သည်များရင်တော့ အလုပ်ရှုပ်နေတဲ့ယောင်းကို ထိုင်ကြည့်ခွင့်ရတယ်။ မျက်စိအောက်မှာယောင်းရှိနေတဲ့အခါ ပတ်ဝန်းကျင်ကိုလှတယ်မြင်လာပြီး စိတ်တွေအေးချမ်းတယ်။ လီဆာတကယ်ပြောတာ။ ယောင်းကိုချစ်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာလည်းကောင်းတယ်။
ဒီနေ့တော့ရုံးမှာအလုပ်များသည်မို့ ယောင်းဆီကိုပုံမှန်အချိန်အတိုင်းရောက်မသွားဖြစ်။ ယောင်း အလုပ်ဆင်းဖို့နာရီဝက်အလိုလောက်မှ သူအမောတကောဝင်ထိုင်ရသည်။ ဆိုင်ထဲဝင်လိုက်တာနဲ့ ကောင်တာနားမှာအလုပ်ရှုပ်နေပုံရတဲ့ယောင်းကိုမြင်ရတယ်။ ယောင်းက သူမရဲ့ရွှေရောင်ဆံပင်တွေကို princess style စီးထားပြီး ဂါဝန်အပြာရောင်လေးနဲ့ရယ်။ ရုံးမှာဖြစ်လာတဲ့စိတ်ညစ်ညူးမှုတွေက ဒီအခိုက်အတန့်မှာ မီးပေါ်ရေလောင်းချလိုက်သလို။
သူဝင်လာတော့ ယောင်းကတစ်ချက်မော့ကြည့်ပြီး သူမအလုပ်ကိုဆက်လုပ်ရဲ့။ ထိုင်နေကျစားပွဲမှာဝင်ထိုင်ပြီး သူတစ်ခုခုမမှာခင်မှာပဲ ယောင်းက သူသောက်နေကျကော်ဖီကိုလာချပေးတယ်။ နဖူးပေါ်ကချွေးစက်တစ်ချို့ကိုသုတ်လိုက်ပြီး ယောင်းကိုမော့ကြည့်ကာပြုံးပြတော့ ယောင်းကလည်းခပ်အေးအေးပြန်ပြုံးပြပါတယ်။ ဒီနေ့အတွက် လီဆာ့စိတ်တွေပြည့်စုံသွားပြီ။
" လီဆာ "
ယောင်းနဲ့သူအပြန်အလှန်ကြည့်နေမိတုန်း အသံတစ်ခုကသူ့ကိုလန့်သွားစေတယ်။ သူ့နာမည်ခေါ်တာမထူးဆန်းပေမယ့် ခေါ်သူကဆန်းတာ။ မျက်နှာကိုမြင်ပြီး သူနဲ့ပတ်သက်ခဲ့ဖူးတဲ့တစ်ယောက်ဆိုတာသိလိုက်ပေမယ့် နာမည်မမှတ်မိပါ။ တောင့်တောင့်ကြီးဖြစ်နေရင်း စိတ်ထဲမှာအားတဲ့ဘုရားဆင်းကယ်ဖို့ပဲဆုတောင်းမိတော့တယ်။ သူ့ကို ကံတရားကတကယ်ကြီးကျီစယ်နေပါပြီ။
YOU ARE READING
She is a BLONDE
Fanfictionသူမအတွက်ချစ်ခြင်းသည် နှင်းဆီပန်းတို့အနားသတ်ထားသော ရွှေအိုရောင်ဆံနွယ်တို့ဝေ့ဝဲရာအရပ်၌ ဖြစ်ပေါ်ခဲ့ဟန်တူသည်။