3

3.5K 449 40
                                    

ချယ်ယောင်းယူနီဖောင်းလဲပီးပြန်ထွက်လာတော့ ထုံးစံအတိုင်း လီဆာကဆိုင်ထဲရောက်နေပြီ။ ဒီကော်ဖီဆိုင်ကိုလာလွန်းလို့ ဆိုင်ကလူတွေနဲ့တောင် မျက်မှန်းတန်းမိနေပါပြီ။ ချယ်ယောင်း သူ့ကိုမသိမသာကြည့်ရင်း လုပ်စရာရှိတာသာလုပ်နေလိုက်သည်။

"ယောင်း ဒါပြီးရင် တန်းပြန်မှာလား "

ကောင်တာနားပိုက်ဆံရပ်ရှင်းရင်း သူကမေးတော့ သူမ ခေါင်းငြိမ့်ပြလိုက်သည်။ အရင်လို ပြုံးပြပြီး ဖက်လဲတကင်း ပြန်မပြောဖြစ်။

" ကိုယ်နဲ့စကားခနပြောလို့အဆင်ပြေမလားဟင် ယောင်း ဆင်းတဲ့အချိန်လာကြိုမယ်လေ "

"ဟင့်အင်း ယောင်းမအားဘူး ရှင်လာမကြိုပါနဲ့"

သူနဲ့ပိုနီးကပ်သွားမှာကြောက်လို့ သူ့အနားမနေချင်ယုံပါ။ သူကခပ်ပြုံးပြုံးနဲ့ပဲခေါင်းတွေငုံ့သွားတော့ သူမအနည်းငယ်စိတ်မကောင်းဖြစ်ရသည်။

" ယောင်းအဆင်ပြေတဲ့ တစ်ရက်ရက်တော့ ကိုယ်နဲ့စကားပြောပေးပါ ကိုယ်စောင့်နေမယ် "

ငြင်ငြင်သာသာသူပြောလာတော့ သူမရင်ထဲသိမ့်ခနဲဖြစ်သွားရဲ့။ ပြီးမှသတိရမိတာက သူဟာ အရှေ့မှာတွဲခဲ့တဲ့သူတွေကိုလည်း ဒီလိုနည်းနဲ့ပဲချဥ်းကပ်ခဲ့မှာ။

" ယောင်း မကြိုက်တာလုပ်မိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ "

" မဟုတ်ပါဘူး ကျွန်မတို့ကအဲ့လိုပြောရမယ့် ဆက်ဆံရေးမှမဟုတ်ဘဲ ကျွန်မအလုပ်ပြန်သွားလုပ်ရတော့မယ် "

သူ့မေးခွန်းတွေကိုရှောင်ဖို့ ဆိုင်အနောက်ထဲသာခပ်သုတ်သုတ်ဝင်ခဲ့လိုက်သည်။ သူမမှာ ဖြေစရာအဖြေလည်း ရှိမနေတာကြောင့်ပါ။

🥀

" ငါ့ဆိုင်လာပြီး အသေကောင်လို ဖြစ်မနေပါနဲ့ တကယ်ပါပဲ "

ညပိုင်းဂျိုအီဖွင့်ထားတဲ့ဘားမှာသွားထိုင်တော့ ဂျိုအီကဆီးအော်သည်။

" စိတ်ကပျော်မနေတော့ ငါ ဘယ်လိုနေရမလဲ "

" နင့်ဟာလေးက မာနကြီးတာကိုး "

ဆူးလ်ဂီက ယောင်းကိုမှတ်ချက်ပေးသလိုဆိုလာတော့ လီဆာခေါင်းတွေရမ်းပစ်လိုက်တယ်။

She is a BLONDEWhere stories live. Discover now