အစည်းအဝေးသုံးနာရီခန့်ထိုင်ပြီးသည့်အခါ ဒီဇိုင်းကိစ္စဖြေရှင်းလို့ပြီးသွားသည်။ ကိုယ့်ရုံးခန်းကိုယ်ပြန်ရောက်တဲ့အထိ လီဆာ့ခေါင်းကအပြည့်အဝမကြည်သေး။ သို့ပေမယ့် အလုပ်ကပစ်ထားလို့မရသည်မို့ နေ့လည်စာကိုဖြစ်သလိုအမြန်စားပြီး ရုံးခွဲတွေဆီပြေးလွှားရသေးသည်။ တစ်နေကုန်အနားမရသည့်အပြင် ယောင်းဆီပါမသွားနိုင်သေးသည့်အခါ စိတ်တွေပိုနောက်ကျိသည်။
ဒီတစ်ခါယောင်းဆီသွားဖြစ်ရင် အရင်လိုထိုင်ကြည့်ပြီးပြန်မလာတော့ပါ။ ဘာမှန်းမသိတဲ့အနေအထားနဲ့ အချိန်တွေအကြာကြီးမဆွဲချင်။ ချစ်နေတာကိုသိကောင်းသိနေမှာပေမယ့် နှုတ်ကတော့တရားဝင်ပြောပြရမည်လေ။ ဘာဖြစ်လာလာ ယောင်းကိုချစ်နေတဲ့အကြောင်း လီဆာ ထုတ်ပြောပစ်တော့မည်။ ယောင်းဘယ်လိုဆုံးဖြတ်ဆုံးဖြတ် လက်ခံနိုင်အောင်လည်း သူအတတ်နိုင်ဆုံးစိတ်တင်းထားမှာပါ။
" လီဆာ နင်အလုပ်ပြီးပြီမလား .. ငါတို့နဲ့လိုက်ခဲ့ နင်ရှင်းစရာတွေရှိတယ် "
ကားသော့တရမ်းရမ်းနဲ့ရုံးခန်းထဲဝင်လာတာ သုံးယောက်မရှိတဲ့သူငယ်ချင်းတွေ။
" ဘယ်ကိုလဲဂျိုအီ .. ငါ ယောင်းဆီသွားမှာ မအားဘူးနော် "
" မရဘူးနင်အခုမလိုက်ရင် .. ငါ့ဆိုင်ပိတ်ရတော့မှာ "
" ဟမ် ဘာလို့ "
" နင့်ဆူးဂျွန်ငါ့ဆီလာသောင်းကျန်းနေတယ် နင့်ကိုဆက်သွယ်မရလို့တဲ့ "
" ထိုင်ခုံနှစ်ခုံ .. vodka သုံးပုလင်းနဲ့ ဖန်ခွက်နှစ်ခွက်ဖျက်ဆီးပြီးပြီ "
ဂျိုအီကငိုမဲ့မဲ့နဲ့ပြောတာကို ဆူးလ်ဂီက အလျော်တောင်းဖို့မှတ်ထားသလို တိတိကျကျထပ်ဖြည့်စွက်သည်။
" နင်ပါလာအောင်ခေါ်ခဲ့မယ်လို့ပြောပြီး ငါတို့နှစ်ယောက်ပြေးလာရတာ ကယ်ပါဦးလီဆာရယ် နင်လိုက်မှရမယ် "
" ငါနဲ့ဆူးဂျွန်ကဘာမှမဆိုင်တော့ဘူးလေ .. ငါသူနဲ့လမ်းခွဲပြီးတာကြာပြီ မလိုက်ဘူးနော် ယောင်းဆီပဲသွားမှာ ငါယောင်းကိုတစ်နေ့လုံးမတွေ့ရသေးဘူး "
YOU ARE READING
She is a BLONDE
Fanfictionသူမအတွက်ချစ်ခြင်းသည် နှင်းဆီပန်းတို့အနားသတ်ထားသော ရွှေအိုရောင်ဆံနွယ်တို့ဝေ့ဝဲရာအရပ်၌ ဖြစ်ပေါ်ခဲ့ဟန်တူသည်။