Part 1

23 0 0
                                    


  
      ဘုရင့်နန်းတော်တစ်မျှခမ်းနားကြီးကျယ်လှစွာသော အဖြူရောင်သုံးထပ်တိုက်အိမ်ကြီး၏ ရွှေရောင်တဖိတ်ဖိတ်တောက်နေသောလှေကားထက်မှ မြင်သူတကာငေးမောအားကျရလောက်အောင် နီညိုရောင်ဒူးဖုံးဂါဝန်ကို ပတ္တမြားတစ်ဆင်စာနှင့်တွဲဖက်ဝတ်ဆင်ကာ ကျော့ရှင်းလှပစွာ တစ်လှမ်းချင်းဆင်းလာသောသူမှာ အိမ်ကြီးရှင် ဒေါ်ထားမြတ်သိင်္ဂီပင်ဖြစ်၏။

     သူမသည် ပြောင်လက်တောက်ပနေသော စားပွဲဝိုင်းကြီးတွင် ဝင်ထိုင်လိုက်ချင်းမှာပင် တူညီဝတ်စုံများနှင့်အိမ်အကူမလေးများက မခေါ်ရဘဲ သူမအနားသို့အပြေးအလွှားရောက်လာကြသည်။ တစ်ယောက်က ကော်ဖီငှဲ့ပေး၊ တစ်ယောက်က အကောင်းစား ကိတ်မုန့်ပန်းကန်လုံးအား အနားသို့ဆွဲယူပေးနှင့် သူတို့အချင်းချင်းထိတိုက်လုမတတ် သူမနားတွင်ပျာယာခတ်နေကြလေ၏။

      "ဘယ်လိုဖြစ်နေကြတာလဲ။ တစ်ယောက်ပြီးမှတစ်ယောက်လုပ်တာမဟုတ်ဘူး။ အနားမှာလာပြီး မျက်စိကိုနောက်နေတာပဲ။ သွားကြစမ်း"

      "ဟုတ်ကဲ့"

      အိမ်အကူမလေးများသည် တစ်ယောက်
ပုခုံးကိုတစ်ယောက်တွန်းကာ ပြေးထွက်သွားကြသည်။

      ထိုအခါမှ ရွှေရောင်အနားကွပ်ထားသော  ကော်ဖီခွက်ကို နီရဲစိုနေသော သူမ၏နှုတ်ခမ်းပေါ်တွင် တင်ကာ စိမ်ပြေနပြေသောက်သည်။ ယခုလို တိတ်တိတ်ဆိတ်ဆိတ်ရှိလှသော မနက်ခင်းတွင် ကော်ဖီတစ်ခွက်အဖော်ပြုရုံနှင့် သူမ၏မနက်ခင်းက ပြည့်စုံသွားသည်။

      သို့သော် သူမ၏ဆိတ်ငြိမ်မှုမှာသိပ်မကြာလိုက်။ ဧည့်ခန်းထဲသို့ သူရိန်ဝင်လာ၏။ သူရိန်သည် သူမ၏ ထားရာနေ စေရာသွားလူယုံတစ်ယောက်ဖြစ်သည်။ သူရိန်၏အဖေမှာ သူမတို့အိမ်တွင်ကားမောင်းသဖြင့် သူ့အဖေဆုံးပြီးသည့်နောက် သူ့အား တူလိုသားလိုစောင့်ရှောက်ထားကာ အနားတွင် လက်တိုလက်တောင်း ခိုင်းရန်ခေါ်ထားခဲ့သည်။

      "ဘာကိစ္စလဲ"

      "သူဌေး ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ"

      "ငါ မနေ့ကတည်းကမင်းကိုခေါ်ထားတာ။ မင်းကအခုမှလာရအောင် ဘာတွေအလုပ်များနေသလဲ ဟမ်"

My Dear Lady * ချစ်သော ပျိုမဒီ *Tahanan ng mga kuwento. Tumuklas ngayon