Part 2

11 0 0
                                    


နီရဲတောက်ပြောင်နေသော ကွမ်းသီးအရွယ်ခန့် ပတ္တမြားတစ်လုံးကို မှန်ဘီလူးနှင့်ကြည့်ရင်းမှ ဝယ်နေကျဖောက်သည်များကို စကားမပြတ်ကြိုဆိုဧည့်ခံကာ ဒေါ်ထားမြတ်သိင်္ဂီတစ်ယောက်ဗျာများနေသည်။

     ထိုစဥ် ဆိုင်အတွင်းထဲသို့ မိန်းကလေးတစ်ယောက်လှမ်းဝင်လာသည်ကို သူမသတိပြုမိလိုက်၏။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်ခန္ဓာကိုယ်နှင့် နှစ်လိုဖွယ်အပြုံးတစ်ပွင့်ဆင်မြန်းထားသော ထိုမိန်းကလေးကို သူမ မြင်မြင်ချင်းမှတ်မိသွားသည်။

      "သမီး လဝန်း လာလေ"

      "အန်တီ သမီးကိုမှတ်မိတယ်နော်"

      "မှတ်မိတာပေါ့ကွဲ့။ လာထိုင်"

      မိန်းကလေးမှာ သွက်လက်စွာ တစ်ဖန် အိန္ဒြေကြီးစွာနှင့် သူမရှေ့ခုံတွင် တည်တည်ငြိမ်ငြိမ်နေရာယူသည်။

      "သမီး ဒီကိုလမ်းကြုံလို့လား"

      "ဆိုပါတော့ အန်တီ။ သမီးအသိတစ်ယောက် မင်္ဂလာဆောင်တာနဲ့ သူတို့အတွက်လက်ဖွဲ့ပစ္စည်းလာဝယ်တာ"

      "ဟုတ်လား။ အခုကောဝယ်ပြီးပြီလား သမီး"

      "မဝယ်ရသေးဘူး အန်တီ။ အန်တီ့ဆီမှာ ဒီဇိုင်းအသစ်တွေရှိလားဟင်။ လဝန်း ဟန်းချိန်းဖြစ်ဖြစ် ဆွဲကြိုးဖြစ်ဖြစ် သူတို့အတွက် တစ်စုံလက်ဖွဲ့လိုက်ချင်လို့"

      "ကောင်းတာပေါ့ သမီးရဲ့။ အန်တီ့ဆိုင်မှာ ဒီဇိုင်းအသစ်ကတော့မရောက်သေးဘူး။ ဒါပေမယ့် ရှိတဲ့ဒီဇိုင်းတွေကလည်း ဆန်းပါတယ်။ လူငယ်ဆန်ဆန်လေးတွေပဲ။ အပြင်မှာလူတွေများနေတော့ အန်တီ အထဲကထုတ်ပြပေးမယ်။ သမီးဒီမှာ ကြည့်သွားလိုက်"

      " နေပါစေ အန်တီရယ်။ လဝန်းကြောင့် အန်တီအလုပ်ရှုပ်နေပါ့မယ်။ လဝန်းအပြင်မှာသွားကြည့်လိုက်လဲရပါတယ်"

      "မဟုတ်တာပဲ သမီးရယ်။ သမီးမိဘတွေနဲ့အန်တီတို့နဲ့ဆိုတာ မိတ်ဆွေအရင်းကြီးတွေ။ စီးပွားဖက်ဆိုလဲဟုတ်တယ်။ သမီးက အန်တီ့မိတ်ဆွေရဲ့သမီးဖြစ်နေမှတော့ အန်တီက သမီးအတွက် အထူးစပါယ်ရှယ်ဝန်ဆောင်မှုပေးရမှာပေါ့။ ခဏလေးနော် သမီး

      "ကြူကြူ။ ငါထိုင်တဲ့ စားပွဲအံဆွဲထဲက သေတ္တာသွားယူလာခဲ့ချေ"
 
      "ဟုတ်ကဲ့ပါ မမ"

      "အားနာစရာ အန်တီရယ်"

My Dear Lady * ချစ်သော ပျိုမဒီ *Donde viven las historias. Descúbrelo ahora