Part 3

10 0 0
                                    


ခေတ်မီပြီးလှပသော နှစ်ထပ်တိုက် ခြံအကျယ်ကြီးရှေ့တွင်ရပ်ပြီးဟွန်းတီးလိုက်သည်နှင့် ခြံစောင့်က တံခါးကိုလာဖွင့်ပေးသည်။ အိမ်ရှေ့တွင်ကားရပ်လိုက်သောအခါ လဝန်းအိမ်အပြေးကလေးထွက်လာသည်။ သူ ကားပေါ်ကဆင်းပြီး လဝန်းအိမ်၏ဆံပင်ကိုဆွဲဖွပြီးနောက် ကတ္တီပါဘူးထုတ်ပေးသည်။

      "ဟယ်။ လဝန်းကအခုပဲဖုန်းဆက်တော့မလို့ ဟီး"

      သူ တစ်ချက်ပြုံးကာ

      "ဒေါ်လေးကော ရှိလား"

      "ရှိတယ်။ အထဲဝင်လေ ကိုကို"

      "မဝင်တော့ဘူး။ ဆိုင်မှာအလုပ်ရှိသေးလို့ ကိုကိုပြန်သွားရဦးမယ်။ နောက်တစ်ခါ ရှပ်ပြာရှပ်ပြာမဖြစ်စေနဲ့။ ကြားလား"

      "ဟုတ် ကိုကို။ တာ့တာ"

      နေဝင့်ဉာဏ်ထွက်သွားသောအခါ အိမ်ထဲမှ ကျက်သရေရှိသောအမျိုးသမီးတစ်ဦးထွက်လာသည်။

      "သမီး ကားသံကြားလိုက်လို့။ ဘယ်သူလဲ"

      "ကိုကိုလေ မေမေ။ လဝန်း ကိုကို့ဆိုင်ကိုသွားရင်းနဲ့ လက်ဖွဲ့ပစ္စည်းမေ့ကျန်ခဲ့လို့ ကိုကိုလိုက်ပေးတာ"

      "အော် သားဉာဏ်လား။ သမီးကအိမ်ထဲခေါ်တာ မဟုတ်ဘူး"

      "ခေါ်တယ် မေမေရဲ့။ ကိုကိုကအလုပ်များနေလို့ မဝင်တော့ဘူးတဲ့။ လာ မေမေ မေမေ့ကို လဝန်းပြမယ်"

      လဝန်းအိမ်တို့သားအမိ ဧည့်ခန်းရှိဆိုဖာပေါ်တွင် ဘေးချင်းကပ်ထိုင်လိုက်ကာ ကတ္တီပါဘူးကိုဖွင့်ကြည့်သည်။

      "ဒီမှာလေ ဟန်းချိန်းလေး။ မလှဘူးလား မေမေ ဟယ် ဒါလေးက..."

      ဆင်တူဟန်းချိန်းနှစ်စုံကြားတွင် ရောယှက်နေသော စိန်ဆွဲကြိုးတစ်ကုံးကို လဝန်းအိမ် အံ့အားသင့်စွာ ဆွဲယူကြည့်လိုက်၏။

      "ဘာဖြစ်လို့လဲ သမီး"

      "ဒီမှာကြည့်စမ်းပါဦး မေမေရဲ့။ စိန်ဆွဲကြိုးလေး သိပ်လှတာပဲနော်"

      "သမီးကလေ အခုချိန်ထိကလေးလေးအတိုင်းပဲ အဲ့ဒါသမီးဝယ်လာတာလေ။ ဘယ့်နှယ့်သမီးကပြန်အံ့သြနေရတာလဲ"

My Dear Lady * ချစ်သော ပျိုမဒီ *Onde histórias criam vida. Descubra agora