Part 6

4 0 0
                                    


ညနေစောင်းနေဝင်ခါနီးအချိန်တွင် သူမ၏အရင်အလုပ်မှ သူငယ်ချင်းနွယ်နီ့ဆီသို့ရောက်သွားသည်။ နွယ်နီက ဖော်ရွေပျူငှာစွာကြိုဆိုပါ သည်။

"ရွှေစင် လာ ထိုင်"

သစ်သားကုလားထိုင်တစ်လုံးတွင် သူမဝင်ထိုင်လိုက်ပြီးနောက် နွယ်နီ့အိမ်ကို မျက်စိဖြင့်အသာအကဲခတ်မိသည်။

အိမ်သည် တိုက်နှင့်တာနှင့်မဟုတ်သော်လည်း သပ်သပ်ရပ်ရပ်နှင့်နေချင်စရာလေးဖြစ်သည်။ နံရံတွင် နွယ်နီ၏ဘွဲ့ယူဓာတ်ပုံကိုချိတ်ဆွဲထားပြီး ဘေးတွင် မိသားစုဓာတ်ပုံတစ်ပုံချိတ်ဆွဲထား သည်။

"ဘာသောက်မလဲ ရွှေစင်"

"ဟင့်အင်း မသောက်တော့ဘူး။ ဟိုလေ... နွယ်နီ့ကို အကူအညီတောင်းစရာရှိလို့"

"ပြောလေ ရွှေစင်။ နွယ်နီ ဘာကူညီပေးရမလဲ"

"ရွှေစင်လေ ရုတ်တရက်အဆောင်ပြောင်းဖို့စီစဥ်ပြီးမှ အဆောင်က လူမဖယ်ရသေးလို့ အရင်အဆောင်ကိုလဲ သွားဖို့ပြောပြီးသားဖြစ်နေတာနဲ့ အဲ့ဒါ ခဏလောက် နွယ်နီ့ဆီမှာနေလို့ရမလား"

"အော် ရပါတယ် ရွှေစင်ရဲ့။ အချင်းချင်းပဲ။ ပြောနေစရာလိုသေးလို့လား"

"အဟင်း အဲ့ဒါဆိုရင်တော့ ကျေးဇူးပဲ"

"ရပါတယ်။ ဒီမှာက နွယ်နီတစ်ယောက်တည်းနေတာ အစ်ကိုကြီးက တစ်ခါတစ်လေမှပြန်လာတတ်တာ။ ရွှေစင်ဘာမှအားနာစရာမလိုဘူး
သိလား။ လွတ်လွတ်လပ်လပ်သာနေ"

"အကြာကြီးတော့မနေပါဘူး။ တစ်ပတ်လောက်ပဲ"

"အော် ရပါတယ် ရွှေစင်ရဲ့။ တစ်ပတ်ဖြစ်ဖြစ် တစ်လဖြစ်ဖြစ် အဆင်ပြေသလိုသာနေ"

"အင်း။ ကျေးဇူးပဲနော် နွယ်နီ"

"ကိစ္စမရှိပါဘူး။ ဒါနဲ့ ရွှေစင့်နောက်အလုပ်မှာကော အဆင်ပြေရဲ့လား"

"ဟင်... အော် အဲ့ဒါက ရွှေစင်ဒီနေ့ပဲထွက်စာတင်လာတာ"

"ဟယ် ဘာဖြစ်လို့လဲ။ အဆင်မပြေဘူးလား"

"ဒီလိုပါပဲ။ နွယ်နီ တို့ သန့်စင်ခန်းခဏလောက်ဝင်လို့ရမလား"

"ရတယ်လေ ဝင်။ စင်္ကြန်ကနေ တည့်တည့်လျှောက်သွားပြီးရင် ညာဘက်အခန်းပဲ"

My Dear Lady * ချစ်သော ပျိုမဒီ *Donde viven las historias. Descúbrelo ahora