Chapter 16

4.4K 719 7
                                    

Unicode

Chapter 16 : တော်ဝင်မောင်းမဆောင်ရဲ့ အမျိုးသမီးတွေက ဂြိုဟ်မွှေလိုက်တာကွာ

လုံရှောင်ယွမ်၏အသံက စိတ်မဝင်စားသောအသံဖြစ်သော်လည်း သူမကို မတ်တပ်ရပ်ရန်တော့ အမိန့်ပေးလိုက်သည်။

မတ်တပ်ရပ်လိုက်ပြီးနောက် ရုံမယ်မယ်က သူနှင့် မျက်လုံးချင်းဆုံကြည့်လာသည်။သို့သော် သူက မိန်းမများအား စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီးချေပြီ။

'ထပ်ပြောရရင် သူက သူ့ရဲ့အာရုံစူးစိုက်မှုတွေ အကုန်လုံးကို ရှီချင်ကျိုးဆီ ပေးထားမှတော့ ဘယ်လိုလုပ်ပြီး သူမကို သတိထားမိပါတော့မလဲ'

T/N- အမျိုးသမီးထုကြီးအတွက်တော့ so sad, LOL....😄

"အရှင်မင်းကြီး... အရှင့်ကို အလွန်အမင်းသတိရလွမ်းဆွတ်လှပါတယ်။ကျွန်တော်မျိုးမရဲ့ဆန္ဒက ဒီရက်တွေမှာ သနားစရာကောင်းနေပါပြီ..."
ရုံမယ်မယ်က သူ့ထံချဥ်းကပ်လာရင်း ဆွဲဆောင်မှုရှိလှသော နှစ်သက်စရာမျက်နှာလေးဖြင့် ညင်သာစွာ ဆိုလေသည်။

သူက တုန်လှုပ်လျက် သူမအားရှောင်ရှားရန် ရှီချင်ကျိုးကို အလိုအလျောက် ဆွဲလိုက်မိသည်။ထို့ကြောင့် သူမ ခြေချော်သွားကာ မြေပြင်ပေါ် လဲကျသွားတော့သည်။
"အ....နာလိုက်တာ"

သူ မျက်တောင်ခတ်လိုက်သည်။ သူ ထိုမိန်းမတို့ကို မနှစ်သက်သော်လည်း လူကြီးလူကောင်းတစ်ယောက် အနေဖြင့် သူမကို ထူမပေးဘူးဆိုလျှင် ဆိုးဝါးသွားပေလိမ့်မည်။သူက ကမန်းကတန်း ချောင်းဆိုးလိုက်ပြီး အပြင်းအထန်ပြောလိုက်သည်။
"ကျိုးချင်...သူမကို ထူပေးလိုက်"

ကျိုးချင်က ခိုက်ခိုက်တုန်ရီလျက် သူမကို ကတိုက်ကရိုက် ထူပေးလိုက်သည်။

"အရှင်မင်းကြီး.....ကျွန်တော်မျိုးမ ဘာအမှားလုပ်မိလို့လဲ.....အရှင်မင်းကြီး"

ရုံမယ်မယ်က သူမ အကြီးအကျယ် မတရားခံရသကဲ့သို့ ပြောလေသည်။အမှန်တကယ်အားဖြင့်လည်း သူမ နစ်နာမှု အများအပြား ခံစားခဲ့ရတာပဲ။သူမနှုတ်ခမ်းစူလာပြီး မျက်ရည်တို့ စီးကျလာတော့သည်.....

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now