Chapter 45

3.5K 634 47
                                    

Unicode

Chapter 45 : မိခင် သို့မဟုတ် ကလေးကို ကယ်တင်ရန်

ထို့နောက် လုံရှောင်ယွမ်နှင့် ရှီချင်ကျိုးတို့ ယွီရွှေနန်းဆောင်သို့ ဥိီးတည်လိုက်ကြသည်။

ဟော်မယ်မယ်က မကြာသေးမီကပင် ရာထူးတိုးမြှင့်ပေးခံထားရသော်လည်း သူ့တွင် သူ၏နန်းဆောင်မရှိဘဲ ချုံမယ်မယ်နှင့်အတူ ယွီရွှေနန်းဆောင်ထဲတွင် နေထိုင်နေဆဲဖြစ်သည်။

သို့သော် ကွာခြားချက်မှာ ချုံမယ်မယ်က အပြင်ဘက်နန်းဆောင်တွင်နေပြီး ဟော်မယ်မယ်က အတွင်းဘက်နန်းဆောင်တွင်နေခြင်း ဖြစ်သည်။

ထို့ပြင် ဟော်မယ်မယ်ကို ကာကွယ်ရန်အတွက် ချုံမယ်မယ်အား အပြင်ဘက်ထွက်ခြင်း တားမြစ်ထားသည်။

တော်ဝင်စားဖိုဆောင်တွင်မဟုတ်ဘဲ ဤနေရာရှိ စားဖိုဆောင်ငယ်လေးတွင် အထူးသီးသန့်အပျိုတော်များက ပြင်ဆင်ပေးသော အစားအသောက်များကို အရိပ်သက်တော်စောင့်များက နေ့စဥ်နေ့တိုင်း ပို့ဆောင်ပေးကြသည်။

မမွေးသေးသောကလေးကို ကာကွယ်ရန် လေးစားမှုအားလုံးကို ထည့်သွင်းစဥ်းစားခြင်းဟု ဆိုနိုင်သည်။

'တခြားလူတွေကို သူတို့မှာ ဘာအဆင့်အတန်းတွေပဲရှိနေ ရှိနေ အလည်အပတ်လာရောက်ခွင့်ကို တားမြစ်ထားတာ။အဲဒါကိုတောင် ဟော်မယ်မယ်က ချော်လဲပြီး အချိန်မတန်ခင် မီးဖွားတော့မှာတဲ့လား။ဘယ်လိုဖြစ်ရတာလဲ.....

လုံရှောင်ယွမ်က လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တွေအကြောင်း တကယ် မပြောချင်ပါဘူး.....

ဒါပေမဲ့ ဒီအဖြစ်အပျက်က ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ....'

လုံရှောင်ယွမ်နှင့် ရှီချင်ကျိုး ထိုနေရာသို့ ရောက်သွားချိန်တွင် ကျန်းယွမ်အပါအဝင် တော်ဝင်သမားတော်များက အပြင်ဘက်တွင် စောင့်နေကြပြီး အတွင်းထဲတွင် ဝမ်းဆွဲသည်တစ်ဦး ရှိနေပြီ ဖြစ်သည်။

လုံရှောင်ယွမ်က တော်ဝင်သမားတော်များကို အတွင်းဘက်သို့ဝင်ရန် အမိန့်ပေးလိုက်သည်။

ရှီချင်ကျိုးကို သစ္စာခံသူဖြစ်ကြောင်း လုံရှောင်ယွမ်သိထားပြီး ယုံကြည်ရသူလည်းဖြစ်သော ကျန်းယွမ်က အထဲဝင်သွားသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now