Chapter 47

3.4K 633 13
                                    

Unicode

Chapter 47 : သူ(မ)က သူ့ရဲ့သမီးလား

လုံရှောင်ယွမ် ချန်ခွင်းနန်းဆောင်သို့ အနည်းငယ်စိတ်လှုပ်ရှားလျက် ပြန်သွားသည်။

မင်းသားငယ်လေးက နိုးနေသည်။သူ လောကထဲရောက်လာသည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း သူ၏မျက်လုံးတို့က ပြူးကျယ်နေပြီး သူ၏အသွင်အပြင်ကို အလွန်ထက်မြက်ပုံစေသည်။

သူက လမစေ့ဘဲ မွေးဖွားလာပြီး အတော်လေး ပိန်လှီပုံပေါ်သော်လည်း သူ လောကထဲရောက်ရှိလာသည်မှာ နှစ်ရက်
မဟုတ်ဘဲ ဆယ်ရက်ကျော်ရှိနေသကဲ့သို့သောအသွင်ကြောင့် သူ ထက်မြက်ဉာဏ်ကောင်းသည်ကို လုံရှောင်ယွမ် တွေ့လိုက်ရသည်။

လုံရှောင်ယွမ် ခေတ်သစ်ကမ္ဘာတွင် သူငယ်ချင်းတစ်ဦး၏ မွေးခါစ ကလေးထံ  တစ်ခါ အလည် သွားဖူးသည်။ထိုအချိန်က သူ နေမကောင်းဖြစ်နေသော်လည်း ကလေးငယ်များကို အလွန်သဘောကျသည်။အနှီကလေးငယ်က လောကထဲရောက်ရှိလာသည်မှာ ဆယ့်နှစ်ရက်ကျော်နေပြီဖြစ်ပြီး မင်းသားငယ်လေးနှင့် ဆင်တူလှသည်။

ထို့ပြင် အနှီကလေးငယ်က တစ်နေ့လုံးနီးပါး အိပ်စက်နေတတ်ပြီး သူ၏မျက်လုံးကို သိပ်မဖွင့်ပေ။

လုံရှောင်ယွမ် မင်းသားငယ်လေးကို အမှန်တကယ်ပင် သဘောကျမိပြီး အတူဆော့ကစားရန် သူ့ကို မကိုင်ဘဲ မနေနိုင်တော့ချေ။

မမျှော်လင့်ဘဲ မင်းသားငယ်လေးက နှုတ်ခမ်းတို့ တွန့်သွားပြီး ပြုံးလိုက်သည်။

"ဟိုးးးး"
လုံရှောင်ယွမ် ဒီထက် အံ့အားသင့်တာ မရှိနိုင်တော့ပေ။

အချိန်ကိုက်ပင် ရှီချင်ကျိုးက အထဲဝင်လာပြီး ဤအရာကို မြင်သောအခါ မေးလာသည်။

"ဘာဖြစ်တာလဲ....ဘာလို့ ဒီလို အမူအရာဖြစ်နေတာလဲ..."

"ချင်ကျိုး....ဒီကိုလာ ကြည့်ကြည့်"

လုံရှောင်ယွမ်က တိုက်ကြီးအသစ်တစ်ခု ရှာဖွေတွေ့ရှိသကဲ့သို့ အော်လိုက်ပြီး ရှီချင်ကျိုးကို အနားတိုးလာရန် ချက်ချင်း လက်ယပ်ခေါ်လိုက်သည်။

(T/N-တိုက်ကြီး ဆိုတာတော့ သိတယ်ဟုတ်။အာဖရိကတိုက်၊ဥရောပတိုက် ဘာညာ ဘာညာမျိုးပါ😂ok?)

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now