Chapter 51(Unicode)

3K 377 25
                                    

Unicode

Chapter 51 : အကြံအစည်က ရက်စက်လှချည်လား

ဟူယင်း၏အဆိုအရ အစောပိုင်းနှစ်များတွင် အရှေ့ပိုင်းဒေသ စုံစမ်းထောက်လှမ်းရေးခရီးအတွင်း ရှီချင်ရှန်းက ဟူယင်းနေထိုင်သောရွာကို ဖြတ်သွားခဲ့ပြီး သူတို့ကိုကယ်တင်ဖို့ရာ ဘာမှမလုပ်ခဲ့သည့်အတွက် ရလဒ်အနေဖြင့် ဟူ၏မိဘများမှာ သေဆုံးခဲ့ရသည်။ထိုနှစ်တွင် ဟူ၏အစ်မသည် ဆယ်သုံးနှစ်သမီးအရွယ်ဖြစ်ပြီး သူ၏မိဘများကို ကယ်တင်ပေးရန် ရှီချင်ရှန်းကို ပြောခဲ့သည်။သို့သော် ရှီချင်ရှန်းက တန်ရာတန်ကြေးအနေဖြင့် သူ(မ)၏ခန္ဓာကိုယ်အဖြစ် ကတိကဝတ်ပြုခဲ့သည်။

ရှီချင်ရှန်းက သူ၏အစ်မနှင့် ကိုယ်လက်နှီးနှောပြီးနောက် ကတိမတည်ခဲ့ချေ။

အဆုံးသတ်အနေဖြင့် ဟူ၏မိဘတို့မှာ ပူပင်သောကတို့ဖြင့် သေသွားရပြီး သူ၏အစ်မသည်လည်း အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရသည့်အတွက် သတ်သေသွားခဲ့သည်။

ဟူယင်းက မိဘမဲ့တစ်ယောက်ဖြစ်သွားပြီး လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုမှ မွေးစားခြင်းခံရသည်။ထို့ကြောင့် သူက လက်စားချေလိုခြင်းဖြစ်သည်။

ဟူယင်းပြောလိုက်သည့်အရာက ညီလာခံခန်းမထဲ ဗုံးတစ်လုံးပစ်ချလိုက်သည်။

ရှီချင်ရှန်းနှင့်ရင်းနှီးသော အမတ်အချို့က ချက်ချင်းပင် အော်ပြောကြသည်။

"အဓိပ္ပါယ်မရှိတာပဲ...ရှီအမတ်ကြီးက ဒီလိုအရှက်မဲ့တဲ့ကိစ္စမျိုး ဘယ်လိုများလုပ်နိုင်မှာလဲ။မင်းက ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောရဲတယ်ပေါ့လေ"

"ဟုတ်တယ်..သက်သေက ဘာလဲ"

"သက်သေလား...ကျုပ်စကားတွေကို ကျုပ်တကိုယ်လုံးပေါ်က အမာရွက်တွေက သက်သေခံတယ်"

ညီလာခံခန်းမတွင် ဟူယင်းအား ကြိုးတုပ်ထားသော်လည်း သူက အတွင်းအားကိုသုံးကာ သူ့အဝတ်တို့ကို ကွာကျအောင်လုပ်လိုက်သောအခါ ရှီချင်ရှန်း၏အမည်များနှင့် သူ၏မုန်းတီးမှုများ အပြည့်ဖြစ်နေသော အပေါ်ပိုင်းဗလာခန္ဓာကိုယ်က ပေါ်ထွက်လာလေသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now