Chapter 52.1

2.5K 426 14
                                    

Chapter 52.1 - အရာအားလုံး မပြည့်စုံခြင်း

လုံရှောင်ယွမ် ချန်ခွင်းနန်းဆောင်သို့ရောက်ရှိချိန်တွင် ရှီချင်ကျိုးက သူ့ကို စောင့်မျှော်နေသည်။

မိန်းမစိုးများနှင့်အပျိုတော်များအားလုံး အပြင်ဘက်တွင် စောင့်နေကြသည်။

လုံရှောင်ယွမ်က အထဲသို့လှမ်းဝင်လိုက်ပြီး သူ၏ဧကရီကို လက်မောင်းအတွင်းဖက်ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။

ရှီချင်ကျိုး၏နှုတ်ခမ်းတို့မှာ မထူလွန်း မပါးလွန်း ဆွဲဆောင်မှုလည်း မရှိဘဲ လှပသည့်အသွင်ရှိသည်။သို့သော် သင် တစ်စုံတစ်ယောက်ကို ချစ်မိသွားချိန်တွင် ထိုသူနှင့်ပတ်သက်သော အရာအားလုံးကို နှစ်သက်မိပေလိမ့်မည်။

ထို့ပြင် ရှီချင်ကျိုးက သပ်ရပ်ကြော့ရှင်းသည်။

ထိုအခြေအနေတွင် လုံရှောင်ယွမ်က ရှီချင်ကျိုးကို သူ၏လက်မောင်းအတွင်းဖက်ထားလျက်၊ရှီကို သူ့အပေါ် မှီခိုအားထားပြုစေလျက် ရှီအား နမ်းရှိုက်ရခြင်းကို သဘောကျသည်။

နမ်းရှိုက်ပြီးသွားသောအခါ သူတို့နှစ်ဦးလုံး အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

လုံရှောင်ယွမ်က ရှီ၏နားနှစ်ဘက်ဘေးရှိ ဆံပင်တို့ကို သပ်တင်ပေးပြီး မေးလိုက်သည်။

"ကိုယ်တော့်ကို စောင့်နေတာလား"

ရှီချင်ကျိုးက ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီး ပြောသည်။

"ကျွန်တော်တို့ မနက်စာ စားလို့ရပြီ"

လုံရှောင်ယွမ်က လက်ကိုဝှေ့ယမ်းကာပြောသည်။

"ကိုယ်တော်စိတ်အခြေအနေကောင်းနေတာကြောင့် ထမင်းတစ်ပန်းကန်လောက်တောင် ထပ်စားနိုင်လောက်တယ်"

ရှီချင်ကျိုးက ဤအပြောကို ကြားပြီးနောက် ပြုံးကာပြောသည်။

"တကယ်လား ကောင်းတာပေါ့"

ထို့နောက် လုံရှောင်ယွမ်က ရှီချင်ကျိုးကို နမ်းလိုက်ပြန်သည်။

မနက်စာစားပြီးနောက် ကျန်ရှိနေသောစားသောက်ဖွယ်ရာများကို ဖယ်ရှားနေချိန်တွင် လုံရှောင်ယွမ်နှင့် ရှီချင်ကျိုးတို့က အနောက်ဘက်စာကြည့်ခန်းသို့ သွားလိုက်ကြသည်။

အသုံးမကျသောဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now