မျှော်လင့်ခဲ့ရပါသော မရဲ့ ချစ်ခြင်း part(8)

544 32 0
                                    


ပင်လယ်လေအေးလေးကအခန်းရဲ့ပြတင်းပေါက်ထဲသို့တိုးဝင်ပြီးဝင်လာကြပြီ နေမင်းကြီးကလည်း
ပင်လယ်ရေမျက်နှာပြင်ကနေထွက်ပေါ်လို့လာပြီ...

"မ မ ထတော့လေ ကဗျာတို့အခန်းပြန်ရအောင်"

ကဗျာလည်းကာရံကိုအနားလေးကပ်ပြီးနှိုးလိုက်တယ်...

"အင်း ခလေး 7နာရီပဲရှိသေးတယ်လေ"
"ဟုတ်ပါတယ် မရဲ့ ဒါပေမဲ့ ကဗျာတို့အခန်းကိုပြန်ရမယ်လေ တော်ကြာတခြားသူတွေရိပ်မိသွားမှာပေါ့"
"အင်းဟုတ်သားပဲ မ မေ့နေတာ ခလေးနဲ့နေရရင်အရာအားလုံးကိုမေ့နေတက်တယ်..ဘယ်တော့မှ မတို့က လွတ်လွတိလပ်လပ်နေရမှာလဲမသိဘူး"
"မ စိတ်ညစ်စရာတွေမပြောနဲ့နော် ဒီနေ့တနေကုန် မ နဲ့အနီးဆုံးမှာနေပေးမယ်နော်"
"အင်းပါ ခလေးရဲ့ ဒီနေ့ မ တို့ဘုရားနဲ့ ရွာထဲကစျေးဆိုင်တွေကိုလျှောက်ကြည့်ကြမှာလေ ခလေးတခြားသူတွေနဲ့သွားပေမဲ့ မရဲ့ မြင်ကွင်းထဲမှာပဲနေရမယ်နော်"
"ဟုတ်ပါပြီ ချစ်မမရဲ့ ဟီးဟီး"

ကဗျာနဲ့ကာရံတော့လည်းအခန်းပြန်အပ်ပြီး ကိုယ့်အခန်းကိုပြန်သွားကြတယ် တော်သေးတယ် တခြားသူတွေကညကအရှိန်နဲ့နိုးတောင်မနိုးကြသေးဘူးလေ...

မနက်9နာရီရောက်တော့....

"ကဗျာရေ မပြီးသေးဘူးလား အားလုံးရောက်နေပြီနော် "

နှင်းက အခန်းရှေ့ကနေ လှမ်းအော်ခေါ်တော့မှ ကဗျာတယောက်ထွက်လာတယ်...

ကဗျာထွက်လာတော့အားလုံးက ကဗျာကိုစိုက်ကြည့်နေကြတယ်.....

အရမ်းလည်းမဖြူအရမ်းလည်းမညိုဘူး တဲ့
အသားအရည်လေးပေါ်မှာမွန်ချိတ်ထမီအမည်းရောင်လေးနဲ့ အင်္ကျီအဖြူ၊ခါးလောက်ဆံပင်လေးကိုတဝက်သိမ်းစည်းပြီးဖဲပြားအဖြူလေးတက်ထားကာ သနပ်ခါးပါးကွက်လေးနှစ်ဖက်နဲ့ မနက်ခင်းရဲ့ နေရောက်အောက်မှာ အရမ်းကိုကြည့်လို့ကောင်းနေတာပေါ့...

"ကဗျာ အရမ်းလှနေပါလား"
"ဟာ ခိုင်ကလည်းဒီတိုင်းပါပဲ"

ကဗျာရှက်ပြီး ခိုင်ကိုပြန်ပြောလိုက်တယ် အားလုံး
အကြည့်လွှဲသွားကြပေမဲ့ မလွှဲပဲ ကဗျာကိုစိုက်ကြည့်နေတဲ့သူကတော့ ကာရံပဲပေါ့

မျှော်လင့်ခဲ့ရပါသောမရဲ့ ချစ်ခြင်း Where stories live. Discover now