မျှော်လင့်ခဲ့ရပါသောမရဲ့ ချစ်ခြင်း part (6)

585 31 0
                                    

ကာရံလည်းကဗျာပြင်ပေးတဲ့မနက်စာကိုစားပြီးရုံးကိုထွက်လာလိုက်တယ် ညထဲက ဆိုင်ကကောင်လေးက ကားကိုအိမ်ရှေ့လာထားပေးသွားတယ်လေ...

"ကာရံ..မင်းညကဘယ်တွေသွားနေတာလဲ"
"ညက ကာရံအပြင်မှာအိပ်လိုက်တာ"
"ဘာ.အပြင်မှာဟုတ်လား ငါ့ကိုလာမလိမ်နဲ့ မင်းကဗျာအိမ်မှာသွားအိပ်တာမလား"
"ရှင်သိရဲ့သားနဲ့ဘာလို့လာမေးနေလဲ"
"မင်းတို့နှစ်ယောက်က ပက်သက်နေတာလား"
"ဟုတ်တယ်ဆိုရင်ရောရှင်ကဘာလုပ်ချင်လဲ ရှင်ကိုစိတ်ကုန်ခဲ့တာကြာပြီ"
"ဘာငါ့ကိုစိတ်ကုန်နေတယ်ဟုတ်လားကာရံ..အေးငါကတာ့မင်းကိုစိတ်မကုန်ဘူး
နောက်နေ့စပြီးမင်းဘယ်သွားသွားငါလိုက်မယ်မင်းထပ်ပြီး ကဗျာနဲ့ပတ်သက်ရင် သူ့ကိုငါအလုပ်ထုပ်ပစ်မယ်"
"ဘာ ကိုတေဇာ ရှင်အရမ်းတရားလွန်မလာနဲ့ကဗျာ့မှာအပြစ်မရှိဘူး ရှင်နေစေချင်သလိုနေပေးမယ် ကဗျာကိုထိခိုက်အောင်ဘာမှမလုပ်နဲ့"
"မင်းကတိတည်နိုင်ရင်ငါလည်းကတိပေးတယ်ကာရံ.မင်းကတိမတည်လို့ကတော့မင်းရဲ့ကဗျာကို ဘဝတခုလုံးစုတ်ပြတ်အောင်ငါလုပ်ပစ်မယ်"

ကဗျာက​တော့အလုပ်ပိတ်ရက်ဆိုတော့ကာရံနဲ့တေဇာဖြစ်ခဲ့တာတွေကိ​ုမသိရှာဘူး ကာရံphကိုလည်းတေဇာသိမ်းထားတော့အဆက်အသွယ်မရဘူး...ကာရံလည်းစဥ်းစားလို့မရဘူး တေဇာဦးဘယ်လိုသိသွားလဲ ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ကဗျာ့ကိုမထိခိုက်အောင်တော့သူနေရမယ်ဆိုတာကိုကာရံနားလည်တယ်

မရယ် တနေကုန်အလုပ်များနေလားစာလေးတောင်မပို့ဘူး....

ကဗျာတယောက်တနေကုန်ယံနဲ့phပြောလိုက်အိမ်အလုပ်တွေလုပ်ရင်းနဲ့အချိန်တွေကုန်နေခဲ့တယ် ညထိ ကာရံဆီကစာဝင်မလာဘူး....
ကဗျာလည်း မနက်ရုံးရောက်ရင်ကာရံတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့တညတာကိုဖြတ်သန်းခဲ့တယ်...

နောက်နေ့မနက်ရောက်တော့...

"တီ.. တီ...တီ.."
"Hello ချစ်လေး"
"ကိုချစ်အလုပ်သွားပြီနော်"
"အငိးအငိးချစ်လေး ကိုအခုမအားသေးလို့ပြီးရင်ပြန်ခေါမယ်နော်..."
"ဟုတိကို"

ကဗျာလည်းအဝေးကချစ်သူကိုသတိရပေမဲ့အနားမှာမနေရဘူးလေ..ယံက လည်းအမြဲတမ်းအလုပ်ရှုပ်တယ် သူဆိုင်ကိုသူပဲဦးစီးတာဆိုတော့လည်း လက်မလည်ဘူးလေ အလုပ်ကများတယ် တခါတလေဆိ​ုကဗျာဆီတောင်တနေကုန်phမဆက်နိုင်ဘူး...

မျှော်လင့်ခဲ့ရပါသောမရဲ့ ချစ်ခြင်း Where stories live. Discover now