မျှော်လင့်ခဲ့ရပါသော မရဲ့ ချစ်ခြင်း part (4)

691 34 0
                                    

ကဗျာတယောက်အပျော်လွန်နေတယ်...တကယ်တော့အလုပ်စဝင်ထဲကကဗျာက ကာရံကိုသဘောကျခဲ့တာ ယံကိုမချစ်တာလည်းမဟုတ်ဘူး ကဗျာစိတ်ကိုက နှစ်ယောက်လုံးကိုချစ်နေတာ..အခုလည်းကဗျာဖြစ်ချင်တဲ့အတိုင်းဖြစ်ရတော့သူပျော်တာပေါ့....

မ က ငါ့ကိုအရင်ထဲကသဘောကျတာလား
ခုမှသဘောကျတာလား.ငါသူကိုသဘောကျနေတာကိုရောအရင်ထဲကသိတာလား..ငါမှာချစ်သူရှိတာလည်းသူသိပါတယ်...ဒါပေမဲ့သူကငါ့ကိုချစ်တယ်တဲ့...

ကဗျာတ​ယောက်အတွေးပေါင်းများစွားနဲ့အိပ်ပျော်သွားတယ်လေ...

"You are my sun shine "
"Hello......"
"စိတ်ပုပ်လေး ထတော့နော် ကိုအားရင်phခေါ်မယ်
ချစ်တယ် အာဘွား"
"အင်းပါကို...အာဘွား.."

ကဗျာ့ရဲနိုးစက်ကြီးယံပေါ့မနက်​ေစာစောဆက်တာသူပဲရှိတယ်.....
ကဗျာလုပ်စရာရှိတာလုပ်ပြီး အလုပ်သွားဖို့ပြင်ဆင်နေပြီလေ...သူရဲ့မနဲ့​တွေ့ရတော့မှာဆိုတော့တက်ကြွနေတဲဲကြက်မလေးလိုပဲ....

ကဗျာလည်းအလုပ်ရောက်တော့လုပ်စရာရှိတာလုပ်နေတယ် ခဏကြာတော့ကာရံရဲ့အော်သံကြားလိုက်တယ်...ကဗျာတို့အားလုံးပြသနာတခုခုဖြစ်နေပြီဆိုတာသိလိုက်ပြီလေ.....

"Complaint team ကိုခုချက်ချင်းသွားခေါ်ခဲ့"
"ဟုတ်အမ"

Cashierကကောင်မလေးကိုကာရံပြောလိုက်တာကြောင့် ကဗျာ့ကို လာခေါ်လိုက်တယ်..

"ကဗျာရေ..အမခေါ်နေတယ်"
"အေးအေးငါလာခဲ့မယ်..ခိုင်ရေလုပ်ပါအုံး ဘာဖြစ်ပြန်ပြီလဲမသိဘူး..."

ကဗျာတုန်ရီနေတဲ့အသံနဲ့ခိုင့်ကိုပြောလိုက်တယ်

"နင်ကလည်းမကြောက်ပါနဲ့ သွားလိုက်ပါ"

ကဗျာကာရံရှေ့ရောက်သွားတော့ကာရံအရမ်းဒေါသထွက်နေတဲ့ပုံစံဖြစ်နေတယ်.တေဇာဦးကလည်းကာရံကိုအော်နေတယ်

ကာရံကလေသံမာမာဖြင့်လက်ထဲကစာရွက်ကိုကဗျာကိုပြပြီးမေးလိုက်တယ်

"ဒါကဘယ်လိုဖြစ်တာလဲ"
"ဟုတ်အမ..အဲ့ဒါက customerကအရမ်းသောင်းကျန်းနေလို့အမလက်မှတ်မယူပဲ
သွားကြည့်ခိုင်းလိုက်တာပါ"
"အဲ့ဒါဘာလို့ငါ့ကိုမပြောတာလဲ"
"ဟုတ် အစကတော့အမကိုအရင်ပြောမလို့ပါဒါပေမဲ့အဲ့customer က ပစ္စည်းerrorပါနေတာကိုချက်ချင်းလာကြည့်ပေးဆိုလို့ပါ အဲ့ဒါနဲ့ပြီးမှအမကိုပြောမယ်ဆိုပြီးဒီမနက်မှပြောမလို့ပါပဲ"
"နောက်ကိုဒါမျိုးထပ်မဖြစ်စေနဲ့"
"ဟုတ်အမ ကဗျာ့တောင်းပန်ပါတယ် နောက်ထပ်မဖြစ်စေရပါဘူး"

မျှော်လင့်ခဲ့ရပါသောမရဲ့ ချစ်ခြင်း Where stories live. Discover now