မျှော်လင့်ခဲ့ရပါသော မရဲ့ ချစ်ခြင်း part(7)

578 34 0
                                    

ခရီးထွက်မည့်နေရောက်လာပြီ..

"ကဗျာ အထုပ်တွေတခါထဲယူခဲ့နော် "
"ဟုတ်ကဲ့ပါနှင်းရဲ့ နှင်းလည်းတခါထဲယူခဲ့"
"ကဗျာတိုင်ပင်ထားတဲ့အတိုင်းပဲထည့်ခဲ့နော်"
"အင်းပါ ခနနေထွက်ခဲ့တော့မှာမလား ဘာနဲ့လာမှာလဲ"
"အဖေလိုက်ပို့မှာ နှင်းကိုဝင်ခေါ်မယ်နော်"
"အင်း phဆက်လိုက်နော်"

ကဗျာတယောက်မနက်ထဲကအလုပ်ရှုပ်နေတယ်
အားလုံးကိုနှုတ်ဆက်ပြီးသူနှင်းကိုခေါ်ဖို့ထွက်လာခဲ့တယ်..ညနေရုံးကနေတန်းသွားကြမှာဆိုတော့ပစ္စည်းတွေကိုတခါထဲယူရတယ်လေ...

အားလုံးလူစုံတော့ ကာရံက ကဗျာတို့အလုပ်ခန်းထဲဝင်လာတယ်...

"အားလုံးပဲ ည 8နာရီ ကားရောက်မယ်နော်..
နှစ်ယောက်ဆီထိုင်ရတယ်ဆိုပေမဲ့ကားကကြီးတယ်အဆင်ပြေသလိုထိုင်ကြပါ"
"ဟုတ်ကဲ့အမ ခိုင်ခနနေအားလုံးနဲ့တိုင်ပင်ပြီး စီစဥ်လိုက်ပါမယ်"

ခိုင်စကားပြောအဆုံးမှာ

"ကဗျာဘာဖြစ်တာလဲ အဆင်ပြေရဲ့လား."

နှင်းအလနိ့တကြားထမေးတာကြောင့်အားလုံးကဗျာ့ဆီအကြည့်တွေရောက်သွားတယ်...ကာရံလည်းအပါအဝင်ပေါ့..နှာခေါင်းကနေသွေးတွေကျနေတဲ့ကဗျာအခြေအနေကိုမြင်တော့ကာရံတကိုယ်လုံးပူထူပြီးကဗျာ့နားကိုရောက်သွားတယ်...

"ကဗျာ အဆင်ပြေရဲ့လား"
"ဟုတ်အမ ပြေပါတယ်"
"လာဆေးခန်းသွားရအောင် "
"ရပါတယ်အမ ကဗျာဖြစ်နေကြပါ ရာသီဥတု​ပူလာရင်ဖြစ်နေကြပါ"
"မရဘူး ကဗျားသွားမယ် မသွားရင်ခရိးမလိုက်ရဘူး"
ကာရံစိတ်ပူနေမှန်းသိတော့ကဗျာလည်း သူရဲ့မ
ပြောတာကို လက်ခံလိုက်တယ်

ဆေးခန်းရောက်တော့...

"ဆရာအခြေအနေကဘယ်လိုလဲ
"သူအရမ်းပင်ပန်းပြီးစိတ်ဖိီးလို့နေမယ် ရာသီဥတုကြောင့်လည်းပါမယ်..အတိအကျကိုတော့ဆေးစစ်ကြည့်မှရမယ်..."

"စိုးရိမ်ရလားဆရာ"
"သတိထားဖို့တော့လိုတယ် အရမ်းတော့မစိုးရိမ်ပါနဲ့"
"ဟုတ်ကဲ့ပါ"

ကလေးရယ် မ ကြောင့်အရမ်းပင်ပန်းနေခဲ့တာ
လား ဆရာဝန်ကပြောတယ်အရမ်းစိတ်ဖိစီးလို့တဲ့ မ ကြောက်နေတယ် ခလေးတခုခုဖြစ်သွားမှာကို

မျှော်လင့်ခဲ့ရပါသောမရဲ့ ချစ်ခြင်း Where stories live. Discover now