Part(2)

5K 265 0
                                    


Zawgyi

"Wow ဂူဏ်​ပြုပါတယ်​​နော်​ ကျန့်​​ကော"

ဟောက်​ရွမ်းက. ဂုဏ်​ပြုစကားဆို​တော့ ​ရှောင်​ကျန့်​မာ
ခေါင်း​လေးငုံ့ပီး ရှက်​ပြုံး​လေး ပြုံးရ​သေးတယ်​။
တချိန်​မာ လက်​ထပ်​ရမယ်​ ဆို​ပေမဲ့ တကယ့်​တကယ့်​ကျ
နဲနဲ​တော့ စိတ်​လှုပ်​ရှား မိသည်​။

သူနဲ့ရိ​ပေါ်က တခြားသူ​တွေလိုမျိုး ချစ်​သူ​တွေဖြစ်​လာပီး
ခမ်းခမ်းနားနား လူသိရှင်​ကြား လက်​ထပ်​မှာလဲ မဟုတ်​။

မားရဲ့ဆန္ဒ​ကြောင့်​သာ ရိ​ပေါ်ကို လက်​ထပ်​ဖို့ သ​ဘောတူခဲ့တာ။

  ရိ​ပေါ်ဘက်​က ဘာ​ကြောင့်​လက်​ခံခဲ့မှန်း မသိ​ပေမဲ့
ကျန်းမာ​ရေး မ​ကောင်းသည့်​မားက ​နောက်​ဆုံးအ​နေနဲ့
ဒီတခုပဲ လိုက်​​လျော ​ပေးပါဆိုလို့.
သူ့ဘက်​က ​ကျေ​ကျေနပ်​နပ်​ လက်​ခံခဲ့ခြင်းသာ။
  
 

ရိ​ပေါ်ကိုကြည့်​​တော့ မျက်​နှာကို တခြားတဖက်​သို့သာ
လှည့်​ထားပီး ​အေးစက်​​နေသည့်​​ကောဖီခွက်​ကို တငုံပီးတငုံ​သောက်​​နေသည်​။

ကြည့်​ရတာ ရိ​ပေါ်လဲစိတ်​လူပ်​ရှား​နေသည့်​ပုံ နားရွက်​ဖျား​လေး
တွေက နီရဲလို့။

"ဒါဆို ကျွန်​​တော်​တို့ သွားလိုက်​ပါအုံးမယ်​ ​ကောတို့ေ​အး​အေး​ဆေး​ဆေး စကား​ပြောကြပါ"

    "ခဏ"

ယွီပင်းတို့က ပြန်​မယ်​လုပ်​​တော့ ​ရှောင်​​ကျန့်​က တားလိုက်​ပီး
အိမ်​က​နေ အသင့်​ယူလာသည့်​ ဖိတ်​စာ​လေးကို
ကမ်း​ပေးလာသည်​။

ဖိတ်​စာ​လေးကလဲ ရိုးရိုးရှင်းရှင်း​လေး
အ​ရှေ့ဖက်​​ရော အ​နောက်​ဖက်​​ရော အဖြူ​ရောင်​ကိုသာ
သုံးထားပီး အ​ရှေ့ဘက်​မာက သူတို့နှစ်​​ယောက်​ နာမည်​​လေးက
အဝါ​ဖျော့​ဖျော့အ​ရောင်​​လေးနဲ့ ​နေရာယူတယ်​။

 
ယွီပင်းတို့ ပြန်​သွားသည့်​တိုင်​ ရိ​ပေါ်ဘက်​က ​ရှောင်​ကျန့်​ကို
စကားစ မလာသလို ​ရှောင်​ကျန့်​ကလဲ ငြိမ်​ငြိမ်​​လေး ​နေ​ပေးတယ်​။

In My Mind( Completed)Where stories live. Discover now