Zawgyi
ကျဉ်းသည်လဲ မဟုတ် ကျယ်သည်လဲ မဟုတ်သည့်
မြက်ခင်း စိမ်းစိမ်းအလယ်မှာ အဝါဖျော့ဖျော့
နှစ်ထပ်တိုက် ကလေးက မားရဲ့မင်္ဂလာလက်ဖွဲ့လေး။အားကျန့်လေးကို ဂရူစိုက်ပေးပါဆိုပီး
တတွတ်တွတ် ဆိုနေသည့်မားက ရှိသမျှဟင်းတွေအကုန်
ထည့်ပေးလိုက်သဖြင့် ကားပေါ်မှ မနိုင်မနင်း
သယ်နေရသည်က ရိပေါ်တယောက်တည်းကိုယ့်သားအရင်းနဲ့ သားမက်လောင်းကို
နေရာလွဲပီး ဂရူစိုက်ပေးနေသည့်မားက လက်ထပ်တဲ့အချိန်ကနေ အခုထိ
ဒါပေမဲ့ လဲ ရိပေါ်က သဘောကျတာပါပဲ။မနေ့ကတည်းကနေ အခုချိန်ထိ မျက်နှာလေးတောင်
မမြင်ရသေးတဲ့ကောက အိမ်ထဲရောက်နေပီဆိုတာ
ပွင့်နေတဲ့ခြံတခါး တဖက်က သက်သေထူတယ်။ခြံတခါးတဖက် ဖွင့်ထားပေမဲ့
အိမ်တံခါးကိုတော့ ပိတ်ထားတဲ့ကောက ကိုယ့်ကိုယ်ကို
စိတ်ပူသေးတယ် ထင်ပါရဲ့..
ချောက်ဆိုတဲ့အသံနှင့်အတူ ပွင့်သွားသည့်တခါးကိုဟကာ
ကြည့်တော့ မြင်လိုက်ရသည်က ဆိုဖာပေါ်မှာ
ကွေးကွေးလေး အိပ်ပျော်နေတဲ့သူ့ရဲ့ကော။ပြေလျော့နေသည့် လက်တစုံကို ခပ်တင်းတင်း
ဖက်လာတော့ အဲကွန်းက လိုတာထက်ပိုအေးနေတယ်ဆိုတာ
ရိပေါ်က သတိထားမိတယ်..
ကောဆိုတဲ့အဲဒီလူကလေ အရမ်းခေါင်းမာတာပဲ
ပစ္စည်းတွေ ကူသယ်ပေးပါမယ်ဆိုတာတောင် မနိုင်မနင်း
တယောက်တည်း သယ်နေတာ။ရိပေါ်က အခုအိပ်နေတဲ့ ရှောင်ကျန့်ကို
ငုတ်တုတ်ထိုင် ပီး ကြည့်နေတယ်....လှတယ် ကျန့်ကောက အရမ်းလှတယ် ဒါကိုပဲ
တချိန်လုံး ရေရွတ်နေတဲ့ ရိပေါ်က
အရူးတယောက်လိုနီးပါး။
မထူမပါးမျက်ခုံးနှစ်ဖက်က အနီးကပ်ကြည်မှ ပိုလှနေသလိုလို
ရိပေါ်က ပေးလေ လိုလေဆိုတဲ့ ကလေးလေးလိုပဲ
မတင်းတိမ်နိုင်ဘူး
အသက်ရူသံ ခပ်မြန်မြန်နှင့် ယုန်သွားလေးတွေပေါ်နေသည့်
ခြောက်သွေ့  သွေ့ နူတ်ခမ်းတစုံဆီ ထပ်ပီးအကြည့်ရောက်ပြန်တယ်
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...