Zawgyi
"alarm alarm"
မနက်စောစော 6နာရီ alarm တင်ထားတဲ့
နိုးစက်ကြောင့် ရိပေါ် အိပ်ရာထဲကနေ ဆတ်ခနဲနိုးလာခဲ့တယ်။အရင်ရက်တွေဆို နောက်ကျမှ ထလေ့ရှိပေမယ့်
ကျန်းမာရေး မကောင်းတဲ့ ကျန့်ကောကို ဂရူစိုက်ပေးရတော့မှာဆိုတော့ သူတက်ကြွနေမှ ဖြစ်မှာမဟုတ်လား။"အာ့.."
အိပ်ယာပေါ်က ထဖို့ပြင်လိုက်စဉ် အားယူမိတဲ့ လက်တစ်ဖက်က ညတုန်းက တံခါးကြားမှာ ညပ်မိတဲ့ ဘယ်ဘက်လက်။
ညိုမဲစွဲနေပြီး နဲနဲရောင် နေတာက လွဲရင်
အဆင်ပြေတယ် ထင်ရတာပဲ။ကြာရင် ပျောက်သွားမှာ ဆိုပေမယ့် ကျန့်ကောမြင်ရင်
စိတ်ပူနေတော့မှာ ဆိုပြီး ရိပေါ်က ချက်ချင်း
ဆေးသတ္တာထဲက ပတ်တီး တစ်လိပ်ယူပြီး လက်ဖျံတစ်ခု
လုံးပေါ်က အညိုမဲတွေ အကုန်လုံးဖုံးအောင် ၃၊၄ ပတ်လောက် ပတ်တယ်။
အင်း...ဆေးတော့ ထည့်ဖို့ မလိုလောက်တော့ပါဘူး..ရှောက်ကျန့်ကို နိုးဖို့ဆိုပြီး ရောက်လာတဲ့ ရိပေါ်က
အခန်းဝမှာတင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရတယ်။
အခန်းတံခါး ခေါက်ဖို့တောင် သူအဆင်သင့်မဖြစ်သေးဘူး၊
ညကလို အေးစက်စက် အခြေနေမ်ျိုးလည်း သူထပ်မလိုချင်တော့ဘူး။
ဟိုတွေး ဒီတွေးနဲ့ပဲ နောက်ဆုံးတော့ရိပေါ်က
အောက်ထပ်ကိုပဲ ပြန်ရောက်လာခဲ့တယ်။"မင်း နိုးနေတာလား"
မနက်စာ စားဖို့စောင့်နေရင်း အနောက်က အသံကြောင့်
လှည့်ကြည့်မိတော့ ပုံမှန်ထက်သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့
ရှောင်ကျန့်ကိုကြည့်ကာ ရိပေါ်က မျက်မှောင်ကြုတ် တယ်။ဒီနေ့က ရုံးပိတ်ရက်လေ..
ဒါက တနေရာရာသွားဖို့ လုပ်နေတာမလား နေမကောင်းတဲ့သူကလေ။"ဘယ်သွားမလို့လဲ "
"ထပ်ပြောပြ ရအုံးမှာလား"
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...