Zawgyi
"ရှောင်ကျန့် အဆင်ပြေရဲ့လား"
"အင်း..အဆင်ပြေပါတယ်"
မောပန်းပြီး အသက်ရူမဝ သလိုဖြစ်နေတဲ့ ရှောင်ကျန့်ကို
လေကောင်း လေသန့် ရမယ့် အဆင်ပြေတဲ့ တစ်နေရာကို
ကျန်းချန်က ရွေးပေးခဲ့တယ်။"အပြင်မှာ ကြာကြာနေလို့ မကောင်းဘူးပြန်ရအောင်"
"ကျန်းချန်"
"အင်း.."
"ငါ..ဘာမှ မဟုတ်တော့ဘူး"
စကားဆက်ဖြတ်ပြီး တဖက်လှည့်သွားတဲ့ ရှောင်ကျန့်က
သေချာပေါက် ငိုနေတယ်ဆိုတာ သူသိတာပေါ့။
ဒီလောက်ထိ ဖြစ်ခဲ့တာတောင်မှ ရိပေါ်အကြောင်းကို
တခွန်းမှ မဟသေး။ပြန်လိုက်လာတဲ့ တစ်လျှောက်လုံးလဲ ရှောင်ကျန့်က
ကားထဲမှာ မလူပ်မယှက်နဲ့ ငြိမ်ကုတ်လို့။
ကားမထွက်ခင် လမ်းပေါ်မှာ တစ်ယောက်တည်း ပေါက်ကွဲနေတဲ့ ရိပေါ်ကို မြင်လိုက်သေးတယ်ထင်ပါတယ်'ရိပေါ်ကို တစ်ချက်လောက် ပြန်သွားကြည့်ပေးပါ'တဲ့
အင်းလို့လဲ လက်မခံချင်သလို ဟင့်အင်းဆိုပြီးလဲ
ငြင်းလို့
မရတဲ့အခြေနေမှာ မတတ်သာတဲ့ အဆုံးရိပေါ်ဆီကို
မလာချင် လာချင်နဲ့ ကျန်းချန် ရောက်လာခဲ့ရတယ်။"ရိပေါ် ..မင်းလက်က ဒဏ်ရာကို
အရင်ဆေးထည့်ရအောင်""ဟောက်ရွမ်း ငါ့ကြောင့်..ငါ့ကြောင့် ကျန့်ကောက"
"ရိပေါ်..မင်းကျန့်ကော ဘာမဖြစ်တော့ဘူး"
ပြောရင်း ချော့ရင်းနဲ့ပဲ
ကျိရန်နှင့် ဟောက်ရွမ်းတို့ နှစ်ယောက်
ရိပေါ် လက်ကိုဆေးထည့်ပေးဖို့ ပြင်ရတယ်။ရိပေါ် ထွက်သွားပြီး ရှီးချန်ကော ဖုန်းဆက်လာတာကြောင့်
သူတို့မှာ ကမန်းကတန်း ထလိုက်လာရတာ။
ဒီရောက်တော့ လမ်းပေါ်မှာ တစ်ယောက်တည်း ငိုင်နေတဲ့ကောင်က သူတို့ကိုမြင်မှ ပေါက်ပြဲနေတဲ့လက်ကို
ထပ်ထိုးဖို့လုပ်နေတာမို့ အသိစိတ်ဝင်စမ်းဆိုပြီး
ဟောက်ရွမ်း ရဲ့ ၃၊၄ ချက်လောက် နီးရာဆွဲထိုးပေးမှ
သတိပြန်ဝင်ခဲ့တာ။
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...